RCSS နှင့်ယူရေနီယမ်

ယခုရက်ပိုင်းအတွင်း online media များတွင်ဖေါ်ပြထုတ်လွှင့်လျှက်ရှိသော အမေရိကန်တရားစီရင်ရေးစွဲချက်ခေါင်းစီးအောက်မှ ယူရေနီယံရောင်းဝယ်ရေးသတင်းနှင့်ပတ်သက်၍မေးမြန်းရာတွင် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS ဥက္ကဌကြီးစဝ်ယွက်စစ်က လွန်ခဲ့သောနှစ်အနည်းငယ်ခန့်က သျှမ်းပြည်အတွင်း၌ ယူရေနီယံဓါတ်သတ္တုထွက်သည်ဟုသတင်းရသဖြင့် အဆိုပါဓါတ်သတ္တုများဝယ်ယူလိုကြောင်း နိုင်ငံခြားသားတဦးဦးကပြောဆိုလာခဲ့ဖူးကြောင်း၊ သို့ရာတွင် မိမိအနေဖြင့် မည်သည့်နေရာဒေသတွင် အဆိုပါယူရေနီယံများထွက်သည်ကို တကြိမ်တခါမျှမကြားသိရဖူးကြောင်း၊ ယူရေနီယံအကြာင်းကိုပင်စိုးစဥ်းမျှ သိနားလည်ခြင်းမရှိသဖြင့် လေ့လာကြည့်ပါဦးမည်ဟူ၍သာပြန်ကြားခဲ့ဖူးကြောင်း၊ မည်သည့်အရောင်းအဝယ်ကိစ္စကို မည်သူနှင့်မျှ တုန့်ပြန်ဆွေးနွေးမှုမပြုခဲ့ဖူးကြောင်း၊ အဆိုပါစွပ်စွဲချက်များမှာ ရှေးယခင်ကနည်းတူ မိမိအားမူးယစ်ဆေးဝါးရောင်းဝယ်မှုနှင့်မည်သို့ပတ်သက်သည်ဟု တဖက်သတ်စွပ်စွဲခဲ့ဖူးသော အရင်းအမြစ်မရှိသည့် discredit လုပ်ရပ်တခုသာဖြစ်ကြောင်း Taifreedom သို့ပြန်လည်ဖြေကြားသွားခဲ့ပါသည်၊၊

Taifreedom

Facebook

သတင်း