TNLA ထောင်မိုင်းကြောင့် ဒေသခံနွား သေဆုံးခဲ့ရ

ယခုသတင်းပတ်အတွင်း TNLA မှ ကျောက်မဲမြို့နယ် မိုင်းငေါ့မြို့နယ်ခွဲ အတွင်း ကွန်စလမ်းကျေးရွာအုပ်စု တွန်ဆန်ကျေးရွာဝန်းကျင်အနီးတဝှက်တွင် လှုပ်ရှားပြီး ၂၀၁၉ ခုနှစ် စက်တင်ဘာလ ၁၇ ရက်နေ့တွင် တွန်ဆန်ကျေးရွာဒေသခံဖြစ်သည့် လုံဆန်ကွမ်း၏နွားတစ်ကောင်သည် တွန်ဆန်‌ကျေးရွာပတ်ဝန်းကျင်အနီး လှုပ်ရှားသည့် TNLA ထောင်မိုင်းအား နင်းမိကာ သေဆုံးခဲ့ကြောင်း သိရသည်။

၎င်းအပြင် တွန်ဆန်ကျေးရွာအနီးလှုပ်ရှားနေသည့် TNLA တပ်ဖွဲ့မှ ‌ကျောက်မဲမြို့နယ် မိုင်းငေါ့မြို့နယ်ခွဲ ကွန်စလမ်းကျေးရွာအုပ်စု တွန်ဆန်ကျေးရွာ ၊ ပိန်းကိုင်တော်ကျေးရွာ ၊ ကောင်းသိန်းကျေးရွာ စသည့် ‌ကျေးရွာဒေသခံများအား TNLA မှ ၎င်းတို့စားသုံးရန်အတွက် ထမင်းထုပ်နေ့စဥ်ပို့ပေးရန် အတင်းအဓမ္မစေခိုင်းပြီး ဒေသခံများမှ နေစဥ်ချက်ပြုတ်ပို့ဆောင်နေရကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၁၉ စက်တင်ဘာလ ၇ ရက်နေ့တွင်လည်း သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ် နမ့်ဟိုင်းကျေးရွာတွင် TNLA တပ်ဖွဲ့မှ လက်နက်အစုံဖြင့် ဒေသခံရွားသားတစ်ဦးအား နေအိမ်တွင်း ဝင်ရောက်ဖမ်းဆီး ခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။

Taifreedom

Facebook

သတင်း