TNLA ထောင်ထားသည်မိုင်းအား နင်းမိသဖြင့် ဒေသခံ ၁ ဦးသေဆုံးပြီး ၁ ဦးဒဏ်ရာရ

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် မိုင်းလုံမြို့နယ်ခွဲ တောင်ပလို့ကျေးရွာမှ ဒေသခံရွာသား ၂ ဦးသည် TNLA တပ်ဖွဲ့ထောင်ထားသည့် မိုင်းအား နင်မိသဖြင့် ဒေသခံ တစ်ဦးဒဏ်ရာရပြီး တစ်ဦးပွဲချင်းပြီးသေဆုံးခဲ့ကြောင်း သတင်းရရှိသည်။

ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် အောက်တိုဘာလ ၈ ရက်နေ့ ၁၁ နာရီခန့်၌ မိုင်းလုံမြို့နယ်ခွဲ တောင်ပလို့‌ကျေးရွာ တွင် ဒေသခံရွာသားဖြစ်သည့် လုံဆာအေး အသက် ၄၅ နှစ် နှင့် ဒေသခံရွာသားတစ်ဦး သည် လက်ဘက်ခြံတွင်း အလုပ်သွားခိုက်တွင် လက်ဘက်ခြံအနီး၌ TNLA တပ်ဖွဲ့ထောင်ထားသည့် ထောင်မိုင်းအား နင်းမိသဖြင့် လုံဆာအေးမှာ ထိုနေရာတွင် ပွဲချင်းပြီးသေဆုံးခဲ့ရပြီး ၎င်းနှင့် အတူလိုက်ပါသွားသည့် ဒေသခံရွာသား တစ်ဦး မှာ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဆေးကုသခြင်းခံယူနေကြောင်း ဒေသခံတစ်ဦး၏သတင်းပေးပို့ချက်အရ သိရှိရသည်။

၎င်းမှ ဆက်လက်၍ သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ်တွင်းတွင် တည်ရှိသည် ကောင်းသိန်းကျေးရွာ ၊ ပါလင်ကျေးရွာ ၊ လွိုင်ပန်းတန်ကျေးရွာ စသည့် ကျေးရွာများ၏ အနီးတွင် လှုပ်ရှားသည့် TNLA တပ်ဖွဲ့၏ ထောင်မိုင်းများကြောင့် ပြီးခဲ့သည့် ၂၀၁၉ အောက်တိုဘာလ ၇ ရက်နေ့တွင်လည်း လွိုင်ပန်းတန်ကျေးရွာတွင် ဒေသခံရွာများ၏ နွားများသည် မိုင်းနင်းမိ၍ နွားနှစ်ကောင် ဆုံးရုံးခဲ့ရသည်ဟု သိရပါ သည်။

ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် အောက်တိုဘာလ ၅ ရက်နေ့တွင်လည်း သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် ကောင်းသိန်းကျေးရွာ ဒေသခံရွာသားဖြစ်သည့် လုံကွယ် အသက် ၄၈ နှစ်သည် ၎င်းနေအိမ်မှ လက်ဖက်ခြံသို့ သွားခိုက်လမ်းတွင် TNLA တပ်ဖွဲ့မှ ထောင်ထားသည့်မိုင်း နင်မိသဖြင့် ခြေထောက်တစ်ချောင်းပြတ်ခဲ့ရကြောင်း သတင်းရရှိသည်။

Taifreedom

Facebook

သတင်း