TNLA တပ်ဖွဲ့၏ ထောင်မိုင်းကြောင့် အရပ်သား ၁ ဦး ထိခိုက်ဒဏ်ရာရ

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲခရိုင် ကျောက်မဲမြို့နယ် မိုင်းငေါ့မြို့နယ်ခွဲ ချုံး(သစ်)ကျေးရွာအုပ်စု ချုံးဟောင်းကျေးရွာအနီးတစ်ဝှိုက်တွင် အရပ်သား ၁ ဦး TNLA တပ်ဖွဲ့ထောင်ထားသည့် တိုက်မိုင်းတိုက်မိရာမှ ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သတင်းရရှိသည်။

၂၀၁၉ ခုနှစ် စက်တင်ဘာလ ၂၂ ရက်နေ့ မနေ့နံနက်ပိုင်းတွင် ချုံး(ဟောင်း)ကျေးရွာနေ လုံးဇော်+ပါဝင်းကြည်တို့၏သား စိုင်းအောင်မျိုးဝင်းသည် ရွာအနီးရှိ ၄င်းတို့၏ လက်ဖက်ခြံအတွင်းသို့ အလုပ်သွားလုပ်ရာ ထိုနေ့နံနက် ၁၀ နာရီခွဲအချိန်ခန့်တွင် လက်ဖက်ခြံအတွင်း၌ တအာင်း(ပလောင်)လက်နက်ကိုင် TNLA တပ်ဖွဲ့ ထောင်ထားသည့် တိုက်မိုင်းအား တိုက်မိရာ ဘယ်ဘက်နောက်ကျောနှင့် ညာဘက်ပေါင်ရင်း တို့တွင် မိုင်းစထိမှန် ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံလူထု၏ သတင်းပေးပို့ချက်အရ သိရသည်။

မိုင်းစထိမှန်ဒဏ်ရာရရှိသူ စိုင်းအောင်မျိုးဝင်းအား သျှမ်းပြည်တပ်မတော် (RCSS/SSA) ၏ ဆေးလုပ်သားများမှ ဒဏ်ရာများကို ရှေးဦးပြုစုပေးကာ ၄င်းစက်တင်ဘာလ ၂၂ ရက်နေ့တွင်ပင် မိသားစုဝင်များက ကျောက်မဲမြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်၍ ဆေးကုသမှုခံယူစေလျှက်ရှိကြောင်း သတင်းရရှိသည်။

Facebook

သတင်း