TNLA တပ်ဖွဲ့မှ သီပေါမြို့နယ်တွင်းရှိ လုပ်ငန်းရှင်များထံ အခွန်တောင်းခံစာပေးပို့

TNLA တပ်ဖွဲ့  ခွန်များဦးစီးဌာန မှ သီပေါ့မြို့နယ်တွင်းရှိ ပွဲရုံများ ၊ ဟိုတယ်များ ၊ တည်းခိုခန်းများ အား ဝင်ငွေအခွန်ပေးဆောင်ရမည်ဟု စာစောင်ပေးပို့ခဲ့ကြောင်း သတင်းရရှိသည်။

TNLA တပ်ဖွဲ့ မှ ဝင်ငွေအခွန်တောင်းခံသည့် စာစောင်ထဲတွင် TNLA တပ်ဖွဲ့မှ စီးပွားရေးလုပ်ငန်းလုပ်ကိုင်နေကြသော လုပ်ငန်းရှင်များအပေါ် အခွန်များဦးစီးဌာနမှ နှစ်စဥ်နှစ်တိုင်း အခွန်စည်းကြပ်ကောက်ခံလျှက်ရှိပြီး သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ်အတွင်း ခရီးသွားလာနေသော ပြည်သူများ ခိုလှုံရန်ရည်ရွယ်၍ ဟိုတယ်ဖွင့်လှစ်ပြီး ဝန်ဆောင်မှုပေးနေသော ဟိုတယ်များသည် TNLA အခွန်များဦးစီးဌာနမှ သတ်မှတ်ကောက်ခံသော ဝင်ငွေခွန်ကို အများနည်းတူပေးဆောင်ရမည်ဟုရေးသားထားပြီး ဆက်သွယ်ရန်ဖုန်းနံပါတ် နှင့် ၂၀၂၀ ခုနှစ် မတ်လ ၂၃ ရက်နေ့ နောက်ဆုံးထား၍ ဝင်ငွေခွန်လာရောက်ပေးသွင်းရမည်ဟု ရေးသားထားပြီး ၂၀၂၀ ခုနှစ် မတ်လ ၂၀ ရက်နေ့ရက်စွဲဖြင့် ပေးပို့ခဲ့ကြောင်း ဒေသခံတစ်ဦး၏ သတင်းပေးပို့ချက်အရ သိရှိရသည်။

သီပေါမြို့နယ်အတွင်း ဖွင့်လှစ်ထားသည့် ဟိုတယ်များအပြင် ပွဲရုံများ ၊ တည်းခိုခန်းများ လည်း TNLA တပ်ဖွဲ့ ဝင်ငွေခွန်တောင်းခံစာစောင် လက်ခံရရှိပြီး အစိုးရတာဝန်ရှိသူများမှလည်း ဤကိစ္စနှင့် ပတ်သတ်၍ လာရောက်ဖြေရှင်းပေးခြင်းမရှိကြောင်း ၎င်းမှ ဆက်လက်ပြောပြပါသည်။

Taifreedom

Facebook

သတင်း