TNLA တပ်ဖွဲ့မှ သိန္နီရဲစခန်းအား ပစ်ခတ်တိုက်ခိုက်သဖြင့် တပ်မတော်နှင့် TNLA တို့တိုက်ပွဲဖြစ်ပွားခဲ့ရ

ယနေ့မနက်ပိုင်း ၆ နာရီခန့်၌ အပစ်ရပ်ကြေညာထားသည့် မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့ဝင် TNLA တပ်ဖွဲ့ မှ သိန္နီမြို့ရဲစခန်းအား ဝင်ရောက်ပစ်ခတ်တိုက်ခိုက်သဖြင့် TNLA နှင့် တပ်မတော်တို့ တိုက်ပွဲဖြစ်ပွားခဲ့ရပြီး တပ်မတော်ဘက်မှ တပ်သား ၃ ဦးဒဏ်ရာရပြီး ၂ ဦးကျရှုံးခဲ့ရကြောင်း သတင်းရရှိသည်။

အဆိုပါTNLA တပ်ဖွဲ့သည် သိန္နီမြို့မြောက်ဘက်ရှိ ဆိုင်ခေါင်ကျေးရွာဘက်မှ သိန္နီမြို့ရဲစခန်းအား ဝင်ရောက်တိုက်ခိုက်ပြီး သိန္နီမြို့တွင်း ဖြတ်သန်းမောင်းနှင်းနေသည့် တပ်မတော်ယာဥ်တန်းအား TNLA မှ ပစ်ခတ်တိုက်ခိုက်သဖြင့် တပ်မတော်သား ၂ ဦးကျရှုံးခဲ့ပြီး ၃ ဦးဒဏ်ရာရရှိခဲ့ကြောင်း ၊ ဒေသခံများ၏ အိုအိမ်များလည်း လက်နက်ကြီးငယ်များကျ‌ရောက်၍ ဆုံရှုံးမှုများရှိပြီး ဒေသခံအရပ်သား ၆ ဦးဒဏ်ရာရရှိခဲ့ကြောင်း၊TNLA တပ်ဖွဲ့သည်  သိန္နီမြို့၏ မြောက်ဘက်မြို့ပြင်သို့ ပြန်လည်ဆုတ်ခွာသွားခဲ့ပြီး တပ်မတော်ဘက်မှလည်း သိန္နီမြို့၏ မြောက်ဘက်မြို့ပြင်သို့ အင်းအားဖြည့်တင်းမှုများ ပြုလုပ်နေခဲ့ကြောင်းနှင့် သိန္နီမြို့တွင်းရှိ လမ်းမများနှင့် လမ်းကြိုလမ်းကြားများတွင် တပ်မတော်မှ နေရာအနှံ့ နေရာယူထားကြောင်း ဒေသခံ၏သတင်းပေးပို့ချက်အရ သိရှိရသည်။

ပြီးခဲ့သည် ၂၀၁၉ ခုနှစ် စက်တင်ဘာလ ၂၀ ရက်နေ့တွင် မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့ ၃ ဖွဲ့ ကိုးကန့်တပ်ဖွဲ့ MNDAA ၊ ရခိုင်တပ်ဖွဲ့ AA၊ တအောင်းတပ်ဖွဲ့ TNLA တို့ပူးပေါင်းပြီး ၂၀၁၉ ခုနှစ် နှစ်ကုန်သည်အထိ အပစ်ရပ်ကြေညာခဲ့ပြီး တပ်မတော်ဘက်မှ စစ်တိုင်းကြီး ၅ တိုင်းတွင် စစ်ရေးလှုပ်ရှားမှုသည် စက်တင်ဘာလ ၂၁ ရက်နေ့တွင် ကုန်ဆုံးသွားခဲ့ပြီဖြစ်သော်လည်း ယခုအချိန်ထိ အပစ်ရပ်သက်တမ်းတိုးခြင်း မရှိသေးကြောင်း သိရှိရသည်။

Taifreedom

Facebook

သတင်း