TNLA တပ်ဖွဲ့မှ ဒေသခံပြည်သူ ၁၀ ဦးဖမ်းဆီးခေါ်ဆောင်သွား

ပြင်ဦးလွင်မြို့နယ်ရှိ တပ်မတော်နည်းပညာတက္ကသိုလ် နှင့် ‌နောင်ချို-ဂုတ်တွင်းတိုးဂိတ်တိုက်ခိုက်ပြီးပြန်လည်ဆုတ်ခွာရာတွင် ဒေသခံပြည်သူ ၁၀ ဦးအား TNLA တပ်ဖွဲ့မှ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သတင်းရရှိသည်။

မနေ့က ၂၀၁၉ ခုနှစ် သြဂုတ်လ ၁၅ ရက်နေ့တွင် ပြင်ဦးလွင်မြို့နယ်ရှိ တပ်မတော်နည်းပညာတက္ကသိုလ်နှင့် နောင်ချို-ဂုတ်တွင်းတိုးဂိတ်တိုက်ခိုက်ပြီး ပြန်လည်ဆုတ်ခွာသွားသည့် TNLA တပ်ဖွဲ့သည် နောင်ချိုမြို့နယ် သီခူးကျေးရွာအုပ်စု သီခူးကျေးရွာတွင် နေထိုင်သည့် စိုင်းလိတ် (ခေါ်) မောင်ငယ် အသက် ၃၈ နှစ် ၊စိုင်းလမ် အသက် ၂၃ နှစ် ၊ လုင်းမိန့်ဆိင် အသက် ၅၀ နှစ် ၊ဝမ်လေကျေးရွာတွင်နေထိုင်သည့် စိုင်းဆန်ကျော် အသက် ၃၀ နှစ် ၊ စိုင်းယွန်း အသက် ၂၅ နှစ် ၊ ပိန်းလုံကျေးရွာတွင် နေထိုင်သည့် စိုင်းဆန်းအောင် အသက် ၂၈ နှစ် ၊ နာကောဝ်ကျေးရွာတွင်နေထိုင်သည့် စိုင်းလိတ် အသက် ၂၆ နှစ် ၊စိုင်းဆို့ အသက် ၂၆ နှစ် ၊ စိုင်းလှဦး အသက် ၂၅ နှစ် နှင့်  မောင်ကျော်ဦး အသက် ၂၈ နှစ်တို့အား TNLA တပ်ဖွဲ့မှ ၎င်းတို့နှင့်အတူ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် သြဂုတ်လ ၁၁ ရက်နေ့တွင်လည်း သျှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ် မိုင်းလုံမြို့နယ်ခွဲ ကန့်ကန်ကျေးရွာ၌ ဒေသခံရွာသူတစ်ဦးအား TNLAတပ်ဖွဲ့မှ နေအိမ်အတွင်း ဝင်ရောက်ဖမ်းဆီးခဲ့ကြောင်း ဒေသခံတစ်ဦး၏ သတင်းပေးပို့ချက်အရ သိရသည်။

Taifreedom

Facebook

သတင်း