TNLA တပ်ဖွဲ့မှ ဒေသခံပြည်သူလူထုအား လွိုင်ရင်တောင်ပေါ်သစ်ခုတ်ပေးရန်စေခိုင်း

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ်တွင် TNLA တပ်ဖွဲ့သည် ကျေးရွာ ၅ ရွာမှ ဒေသခံပြည်သူလူထုတို့အား လွိုင်ရင်တောင်ပေါ်တွင် သစ်ခုတ်ပေးရန် စေခိုင်းသည့်အပြင် ၎င်းတို့၏ သွားလိုသည့်နေရာများအား ဆိုင်ကယ်ဖြင့် လိုက်ပို့‌ပေးနေရပြီး စက်သုံးဆီဖိုးလည်း ပေးဆောင်နေရကြောင်း သတင်းရရှိသည်။

ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် နိုဝင်ဘာလ ၇ ရက်နေ့တွင် ကျောက်မဲမြို့နယ် တော့ဆန်ကျေးရွာအုပ်စုအတွင်းရှိ ညောင်ပင်လှကျေးရွာ ၊ ‌ညောင်မောင်းကျေးရွာ ၊ ဇာတိ (တောင်)‌ကျေးရွာ ၊ ဇာတိ(မြောက်)ကျေးရွာ နှင့် ပါတိန်းကျေးရွာ စုစုပေါင်း (၅)‌ ရွာမှ ဒေသခံပြည်သူများအား ညောင်မောင်း‌ကျေးရွာအနီးရှိ လွိုင်ရင်တောင်ပေါ်တွင် သစ်ခုတ်ပေးရန် TNLA တပ်ဖွဲ့မှ စေခိုင်းခဲ့ပြီး ဒေသခံပြည်သူများသည် ထောင်မိုင်းများနင်းမိမည်ကို ကြောက်ရွံ့ပြီး ၎င်းတို့စေခိုင်းသည့်အတိုင်း မသွားရဲခဲ့ကြောင်း သိရှိရသည်။

ဒီကိစ္စနှင့် ပတ်သက်ပြီး ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် နိုဝင်ဘာလ ၆ ရက်နေ့တွင် ညောင်မောင်းကျေးရွာနေထိုင်သူ ပါမြ၏နွားသည် ထောင်မိုင်းနင်းမိပြီး အပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း ၊ ၎င်းကျေးရွာ ၅ ရွာမှ ဒေသခံပြည်သူများသည် လွိုင်ရင်တောင်ပေါ်တွင် TNLA တပ်ဖွဲ့ထောင်ထားသည့် မိုင်းအား သွားနင်းမိမည်ကို ကြောက်ရွံ့နေသဖြင့် သစ်သွားခုတ်ပေးရန် မရဲမဝံဖြစ်နေကြောင်း ဒေသခံတစ်ဦး၏ သတင်းပေးပို့ချက်အရ သိရှိရသည်။

၎င်းမှ ဆက်လက်ပြီး ဒေသခံပြည်သူလူထုသည် TNLA တပ်ဖွဲ့များအား သွားလိုသည့်နေရာသို့ ဆိုင်ကယ်ဖြင့် လိုက်ပို့ပေးရန် နေ့တိုင်းအဆင်သင့် ပြင်ဆင်နေရကြောင်း နှင့် ဆိုင်ကယ်မရှိသည့် ဒေသခံများလည်း သြဂုတ်လနှင့် စက်တင်ဘာလ တွင် စက်သုံးဆီဖိုးအဖြင့် တစ်အိမ်လျှင် ၃၀၀၀ ကျပ်ပေးဆောင်နေရပြီး အောက်တိုဘာလ မှာတော့ ၅၀၀၀ ကျပ်တိုး၍ ပေးဆောင်နေရကြောင်း သိရှိရသည်။

ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် အောက်တိုဘာလ ၂၁ ရက်နေ့တွင်လည်း သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် ညောင်မောင်းကျေးရွာတွင် ဒေသခံနွားများ TNLA တပ်ဖွဲ့ထောင်ထားသည့်မိုင်းအားနင်းမိပြီး နွားသုံးကောင်သေဆုံးသည့်အပြင် TNLA တပ်ဖွဲ့သည် ၎င်းတို့ထောင်ထားသည့် မိုင်းအဖိုးခအား နွားပိုင်ရှင်များထံ လျှော်ကြေးငွေတောင်းခံခဲ့ခြင်းဖြစ်ပြီးခဲ့ပြီးဖြစ်သည်။

Taifreedom

Facebook

သတင်း