TNLA တပ်ဖွဲ့ထောင်ထားသည့်မိုင်းပေါက်ကွဲမှုကြောင့် အရပ်သားနှစ်ဦး ထိခိုက်ဒဏ်ရာရ

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲခရိုင် ကျောက်မဲမြို့နယ်အတွင်း၌ TNLA တပ်ဖွဲ့ထောင်ထားသည့် မိုင်းနင်းမိသောကြောင့် ဒေသခံအမျိုးသား ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း  သိရသည်။

၂၀၂၁ ခုနှစ် သြဂုတ်လ ၁၅ ရက်နေ့ နံနက် ၉:၃၅ အချိန်ခန့်၌ လွယ်ပေါင်းကျေးရွာဒေသခံ အမျိုးသားနှစ်ဦး တောင်ယာသို့အလုပ်သွားချိန် နမ့်မန်းကျေးရွာတောင်ဘက်တွင် TNLA တပ်ဖွဲ့ထောင်ထားသည့် မိုင်းနင်းမိသောကြောင့် မိုင်းစထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

မိုင်းစထိမှန်ဒဏ်ရာရရှိခဲ့သူမှာ လွယ်ပေါင်းကျေးရွာနေ လုံးအောင်လှနှင့် စိုင်းလိန်တို့ဖြစ်ပြီး တစ်ဦးမှာ ညာဘက်ပေါင် မိုင်းစထိမှန်ပြီး ကျန်တစ်ဦးမှာ ဘယ်ဘက်ဒူးတွင် မိုင်းစထိမှန်ခဲ့ကြောင်း သိရသည်။

တစ်ဘက်တွင်လည်း မိုးကုတ်မှ လက်နက်ကြီးတင်ဆောင်ထားသည့် စစ်ကောင်စီတပ်ကားများသည် နမ့်မန်းဘက်သို့ရောက်ရှိချိန်တွင် လမ်းဘေး၌အသင့်စောင့်ဆိုင်းနေသည့် TNLA တပ်ဖွဲ့ကားပေါ်သို့ ပြောင်းတင်ပေးနေသည်ကို တွေ့ရှိရကြောင်း၊ ထိုသို့ လက်နက်ကြီး တင်ဆောင်နေစဉ် ဖြတ်သွားဖြတ်လာသည့် ဒေသခံ‌မော်တော်ယာဉ်များကိုလည်း TNLA တပ်ဖွဲ့က တားဆီးပေးထားကြောင်း ဒေသခံသတင်းပေးပို့ချက်အရ သိရသည်။

Taifreedom

Facebook

သတင်း