အပြစ်မဲ့အရပ်သား ၁၀ ဦးအား TNLA ဖမ်းဆီးချုပ်နှောင်

ယမန်နေ့ ၂၀၂၁ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့ နံနက်ပိုင်းတွင် သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲခရိုင် ကျောက်မဲမြို့နယ် ပန်လင်ကျေးရွာအုပ်စု ပန်လင်ကျေးရွာနေ အပြစ်မဲ့ဒေသခံ ၁၀ ဦးကို TNLA တပ်ဖွဲ့က ဖမ်းဆီးသွားကြောင်း သိရသည်။

ပန်လင်ကျေးရွာတွင်းသို့ တအာင်းပလောင်လွတ်မြောက်ရေးတပ်မတော် TNLA အဖွဲ့က ရောက်ရှိလာပြီး နံနက် ၁၁ နာရီအချိန်ခန့်တွင် ပန်လင်ကျေးရွာနေ အမျိုးသား ၆ ဦး အမျိုးသမီး ၄ ဦး စုစုပေါင်း ၁၀ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု သိရှိရသည်။

ဖမ်းဆီးခံရသူများမှာ ပန်လင်ကျေးရွာနေ စိုင်းပီး၊ စိုင်းအောင်မြင့်၊ စိုင်းနေထွန်း၊ နန်းမေနွန်း၊ နန်းစိန်အေး နှင့် စိုင်းမောဝ် (ကိန်ကိုင်ကျေးရွာဇာတိ) တို့ဖြစ်ပြီး ကျန် ၄ ဦး အမည်ကိုတော့ အတိအကျမသိရသေးပေ။

၄င်းတို့ကို မည်သည့်အကြောင်းရင်းကြောင့် TNLA တပ်ဖွဲ့ကဖမ်းဆီးသွားသည်ကို မသိရှိရသေးဘဲ ယနေ့အထိ အဆက်အသွယ်ပြတ်ကာ ပြန်လွှတ်ပေးခြင်း မရှိသေးကြောင်း သတင်းရရှိသည်။

Taifreedom

Facebook

သတင်း