TNLAမှ ပြန်လွတ်ပေးသည့် ဒေသခံရွားသားများ မိုင်းနင်းမိ ၃ ဦးဒဏ်ရာရ / TNLA မှ တအောင်းအမျိုးသားတစ်ဦးအားသတ်ဖျက်

TNLA တပ်ဖွဲ့မှ ဖမ်းဆီးထားသည့် ‌ဒေသခံရွာသား ၁၀ ဦးအား ပြန်လွတ်ပေးပြီး လမ်းတွင် TNLA တပ်ဖွဲ့ထောင်ထားသည့် မိုင်းနင်းမိ၍ ၃ ဦးဒဏ်ရာပြီး အပြစ်မရှိတအောင်းအမျိုးသားတစ်ဦးအား TNLA တပ်ဖွဲ့မှ အမျိုးသားသစ္စာ‌ဖောက်ဟု စွပ်စွဲကာ သတ်ဖျက်ခဲ့ကြောင်း သတင်းရရှိသည်။

ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် သြဂုတ်လ ၁၅ ရက်နေ့တွင် TNLA တပ်ဖွဲ့၏ဖမ်းဆီးခြင်းခံရသည့် နောင်ချိုမြို့နယ် သီခူးကျေးရွာအုပ်စု သီခူးကျေးရွာ၊ ဝမ်လေကျေးရွာ၊ ပိန်းလုံကျေးရွာ၊နာကောဝ်ကျေးရွာမှ ဒေသခံရွာသား ၁၀ ဦးအား ၂၀၁၉ ခုနှစ် သြဂုတ်လ ၁၈ ရက်နေ့ TNLA မှ ပြန်လွတ်ပေးပြီး ၎င်းတို့ ဖမ်းဆီးခေါ်ဆောင်ရာလမ်းကလမ်းကြောင်းအတိုင်းပြန်သွားရန် TNLA မှညွန်ကြားပြီး ညွန်ကြားရာအတိုင်း ကျေးရွာသို့ ပြန်လာခိုက် နားကောဝ်ကျေးရွာနှင့် ကောပလောဝ်ကျေးရွာကြားအေရာက်တွင် TNLA တပ်ဖွဲ့ထောင်ထားသည့် မိုင်းနင်းမိရာ စိုင်းလိတ် အသက် ၂၆ နှစ် လက်မောင်းတန်ရာရရှိပြီး စိုင်းဆို့ အသက် ၂၆ နှစ်၏ ဘယ်ဘက်ဒူးခေါင်းနှင့် ဘယ်ဘက်လည်ပင်းအား ထိမှန်ဒဏ်ရာရပြီး ပြင်ဦးလွင်ဆေးရုံကြီးသို့  ပို့ဆောင်ဆေးကုသနေရပြီး၊  မောင်ကျော်ဦး အသက် ၂၈ နှစ် ဘယ်ပေါင်ကြားတွင် ထိမှန်ဒဏ်ရာရပြီး နောင်ချိုဆေးရုံတွင် ဆေးကုသခြင်းခံယူနေရပြီး ကျန်သည့် ဒေသခံရွားသားများသည့် မိမိနေအိမ်သို့ ည နက်ချိန်တွင် မိမိနေအိမ်သို့အသီးသီးပြန်လည် ရောက်ရှိကြောင်း ဒေသခံတစ်ဦး၏ သတင်းပေးပို့ချက်အရ သိရသည်။

အလားတူ ၂၀၁၉ ခုနှစ် သြဂုတ်လ ၁၆ ရက်နေ့တွင်လည်း TNLA မှ သီခူးကျေးရွာအုပ်စု ဒေသခံရွာသားနှစ်ဦး ထပ်မံဖမ်းဆီးသွားခဲ့ပြီး ၎င်း ၂ ဦးအနက် တ‌အောင်းအမျိုးသားဖြစ်သည့် လုံမတ် အသက် ၅၈ နှစ်အား TNLA တပ်ဖွဲ့မှ အမျိုးသား သစ္စာဖောက်သူဟု စွပ်စွဲကာ ၄င်း ၁၆ ရက်နေ့တွင် သတ်ဖျက်ခဲ့ပြီး ကျန်သည့် ဒေသခံတစ်ဦးအား ၂၀၁၉ ခုနှစ် သြဂုတ်လ ၁၈ ရက်နေ့နောင်ချိုမြို့နယ်တွင်း ဒေသခံရွာသား ၁၀ ဦးနှင့် အတူ ပြန်လွတ်လိုက်ခဲ့ကြောင်း  ဒေသခံတစ်ဦး၏ သတင်းပေးပို့ချက်အရ သိရသည်။

Taifreedom

Facebook

သတင်း