T.Y.O သျှမ်းလူငယ်အဖွဲ့အစည်း ၃ နှစ်ပြည့် နှစ်ပတ်လည်နေ့ အခမ်းအနားသို့ RCSS အတိုင်ပင်ခံပုဂ္ဂိုလ် တက်ရောက်အားပေး

T.Y.O သျှမ်းလူငယ်အဖွဲ့အစည်း (၃) နှစ်ပြည့် နှစ်ပတ်လည်နေ့ အခမ်းအနားကို သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့ ဟောင်လိတ်ကျေးရွာ သျှမ်းစာပေနှင့်ယဉ်ကျေးမှုခန်းမတွင် ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ၁၈ ရက်နေ့ မနေ့က ကျင်းပရာ သျှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS) ၏ ဆက်ဆံရေးရုံး ကိုယ်စားလှယ်များ တက်ရောက်အားပေးခဲ့သည်။

အဆိုပါ နှစ်ပတ်လည်နေ့အခမ်းအနားတွင် သံဃာတော်များ ၊ ရပ်ကွက်/ကျေးရွာလူကြီးများ ၊ ရပ်မိရပ်ဖများ ၊ SNLD ပါတီကိုယ်စားလှယ်များ ၊ SNDP ပါတီကိုယ်စားလှယ်များ ၊ RCSS ကိုယ်စားလှယ်များနှင့် သျှမ်းစာပေနှင့် ယဉ်ကျေးမှုအသင်းမှ ကိုယ်စားများ တက်ရောက်အားပေးခဲ့ကြသည်။

T.Y.O သျှမ်းလူငယ်အဖွဲ့အစည်း ၃ နှစ်ပြည့် နှစ်ပတ်လည်နေ့ အခမ်းအနားသို့ RCSS အတိုင်ပင်ခံပုဂ္ဂိုလ် တက်ရောက်အားပေး

အခမ်းအနားကို သံဃာတော်များ၏ကိုယ်စား သံဃာတော်တစ်ပါးမှ အဖွင့်ဩဝါဒမြွက်ကြားကာ အခမ်းအနား စတင်ဖွင့်လှစ်ပြီး တာချီလိတ်၊မယ်ခေါင်ရပ်ကွက်မှ လုံးအုတ်မှလည်းကောင်း၊ သျှမ်းပြည်ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS) ၏ အတိုင်ပင်ခံပုဂ္ဂိုလ် စဝ်ပင်ခမ်းမှလည်းကောင်း T.Y.O သျှမ်းလူငယ်များအား ယခု (၃) နှစ်ပြည့် နှစ်ပတ်လည်နေ့မှစ၍ နောက်နှစ်များစွာထိတိုင်အောင် ရှေ့ဆက်ကြိုးစား ဆောင်ရွက်သွားရန် တိုက်တွန်း အားပေးစကား ပြောကြားခဲ့သည်။

T.Y.O သျှမ်းလူငယ်အဖွဲ့အစည်းခေါင်းဆောင် ယိင်းနောင့်မှလည်း T.Y.O သျှမ်းလူငယ်အဖွဲ့အစည်း စတင်ဖွဲ့စည်းသည့် ခုနှစ် ၊ ရည်ရွယ်ချက် နှင့် T.Y.O ဟူသည့် သျှမ်းလူငယ်အဖွဲ့အစည်းအမည်ဖြင့် လှုပ်ရှားခဲ့သည် အကြောင်းအရာများအပြင် ရှေ့ဆက်လုပ်ဆောင်သွားမည့် လုပ်ငန်းများကို ရှင်းလင်းပြောကြားခဲ့သည်။

T.Y.O သျှမ်းလူငယ်အဖွဲ့အစည်း ၃ နှစ်ပြည့် နှစ်ပတ်လည်နေ့ အခမ်းအနားသို့ RCSS အတိုင်ပင်ခံပုဂ္ဂိုလ် တက်ရောက်အားပေး

အဆိုပါ T.Y.O သျှမ်းလူငယ်အဖွဲ့အစည်း၏ (၃) နှစ်ပြည့်နှစ်ပတ်လည်အခမ်းအနားတွင် သျှမ်းရိုးရာအကအလှများဖြင့် ဧည့်ခံဖျော်ဖြေခြင်း ၊ ဂုဏ်ပြုလွှာများပေးအပ်ခြင်းအပြင် ၎င်းနေ့ နေ့လည်ခင်းတွင် အခမ်းအနားသို့ တက်ရောက်လာကြသော ဧည့်ပရိသတ်များအတူတကွ ထမင်းလက်ဆုံစားခြင်းဖြင့် အခမ်းအနားရုပ်သိမ်းခဲ့ကြကြောင်း သိရှိရသည်။

၎င်းနောက် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ၏ တာချီလိတ် ဆက်ဆံရေးရုံး တာဝန်ခံနှင့် ကိုယ်စားလှယ်များသည် တာချီလိတ်မြို့ မကာဟိုခမ်းရပ်ကွက်ရှိ တရုတ်ဘုံကျောင်းတွင် ကျင်းပသော အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းအလုပ်သမားများနေ့ အထိမ်းအမှတ်အခမ်းအနားသို့ ဆက်လက်တက်ရောက် အားပေးခဲ့ကြောင်း သတင်းရရှိသည်။

Taifreedom

Facebook

သတင်း