Social Media ထဲတွင် TNLA၏လုပ်ဆောင်ချက်နှင့် ပက်သက်သည့်သတင်း ပြန့်ကျဲသွားသဖြင့် ဒေသခံ ၏ အိုးအိမ်အား အဓမ္မဝင်ရောက်ရှာဖွေ

တအောင်းပလောင်လက်နက်ကိုင်အဖွဲ့ (TNLA) တပ်ဖွဲ့မှ လမ်းသွားလမ်းလာဒေသခံများအား ဆက်ကြေးတောင်းသည့်သတင်းအား Social Media စာမျက်နှာတွင် ပြန့်ကျဲသွားသဖြင့် TNLA တပ်ဖွဲ့ မကျေနပ်ကာ ဒေသခံ ၏ အိုးအိမ်အား အဓမ္မ ဝင်ရောက်ရှာဖွေခဲ့ကြောင်း သတင်းရရှိသည်။

ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် မေလ ၁၃ ရက်နေ့ နံနက် ၈ နာရီခန့်၌ မိုင်လုံမြို့နယ် ပန်ခါးအုပ်စု ဆာလီကျေးရွာသား စိုင်းလီ အသက် ၄၀ နှစ်သည် ဆာလီကျေးရွာမှ   တော်ဆန်ဘက်သို့ ထော်လကျီမောင်းနှင်သွားခိုက် လမ်းတွင် မြောက်ပိုင်းမဟာမိတ် တပ်ပေါင်းစု တပ်ဖွဲ့ဝင်ဖြစ်သည့် တအောင်းပလောင်လက်နက်ကိုင်အဖွဲ့ (TNLA) တပ်ဖွဲ့နှင့် ဆုံကာ စိုင်းလီအား စစ်ဆေးမေးမှန်းပြီး ကျပ်ငွေ ၁၀၀၀၀ ကျပ်ဆက်ကြေးတောင်းရာ၌ စိုင်းလီမှ ငွေ ၁၀၀၀ ကျပ်သာပါလာသဖြင့် TNLA မှမကျေနပ်ကာ စိုင်းလီ၏ထော်လကျီအား ဓါးဖြင့်ခုတ်ထစ်ပြီး အခြားခြိမ်ခြောက်မှုများပြုလုပ်ခဲ့သည့် သတင်းအား Social Media ဖြစ်သည့် facebook / Wechat စာမျက်နှာတွင် ပြန့်ကျဲသွားသဖြင့် TNLA တပ်ဖွဲ့ မှ မကျေနပ်ကာ ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် ဇွန်လ ၁၂ ရက်နေ့ ညသန်းခေါင်အချိန်ခန့်တွင် စိုင်းလီ၏နေအိမ်အား ဝင်ရောက်ရှာဖွေမွှေနှောက်ခဲ့ရာ တရားမဝင်ပစ္စည်း တစ်စုံတစ်ရာ မတွေ့ရှိသဖြင့် စိုင်းလီအား ထပ်မံ၍ခြိမ်းခြောက်သွားခဲ့သည်ဟု ဒေသခံတစ်ဦး၏ ပေပို့ချက်အရ သိရသည်။

ပြီခဲ့သည့် ၂၀၁၉ ခုနှစ် ဇွန်လ ၁၄ ရက်နေ့ ညနေ ၃ နာရီခန့်တွင်လည်း သျှမ်းပြည်နယ်မြောက်ပိုင်း တော့ဆန်ကျေးရွာအုပ်စု တော့ဆန်ကျေးရွာတွင် ဒေသခံ၏ထော်လကျီ ၂ စီးအား မိုင်းငေါ့မြို့နယ် ပါလျဲန်ကျေးရွာအုပ်စု ကျောက်ဖြူမြို့နယ်သို့ မြောက်ပိုင်းမဟာမိတ် တပ်ပေါင်းစု တပ်ဖွဲ့ဝင်ဖြစ်သည့် တအောင်းပလောင်လက်နက်ကိုင်အဖွဲ့ (TNLA) တပ်ဖွဲ့ လူအင်းအား ၃၀ ခန့်မှ ငှားရမ်းသွားခဲ့ကြောင်း သတင်းရရှိသည်။

Facebook

သတင်း