RCSS/SSA အမည်အလွှဲသုံးစားပြုကာ ရွှေငွေလိမ်လည်နေသူအား သတိပြုရန်နိူးဆော်ချက်

သျှမ်းပြည်တွင်းတွင် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ / သျှမ်းပြည်တပ်မတော် RCSS/SSA တပ်ဖွဲ့၏အမည်ကို အလွှဲသုံးစား၍ ပြည်သူလူထုများ၏ ငွေများ လိမ်လည်ယူဆောင်ခြင်း ၊ ဟိုတယ်/တည်းခိုခန်းတွင် တည်ခိုခမပေးခြင်း နှင့် ပြည်သူတို့၏ ရွေနှင့်ငွေဒဂႅါးခိုးယူမှုများ ပြုလုပ်နေသည့် ဇနီးမောင်နှံရှိနေကြောင်း သတင်းရရှိသည်။

ဤကိစ္စနှင့်ပတ်သက်၍ RCSS/SSA တာဝန်ရှိသူများမှ စုံစမ်းစစ်ဆေးမှုအရ အဆိုပါဇနီးမောင်နှံသည် မိုင်းကိုင်မြို့နယ် ဟိုနားကျေးရွာနေ လုံးဆမ် ၊ ပါအိင် တို့၏ သားဖြစ်သူ စိုင်းအောင်လူ နှင့် နမ့်လန်မြို့နယ် ကုန်းညောင်ကျေးရွာနေ ပါဂမ်၏သမီးဖြစ်သူ နန်းအေးဝင်း (ခ) နန်းထွေးတို့ဖြစ်ပြီး စိုင်းအောင်လူဆိုသူသည် RCSS/SSA နယ်မြေခံတပ်ရင်းတွင် ရုံးအကူအဖြစ်တာဝန်ထမ်းဆောင်ခဲ့ဖူးကြောင်း ၊ စိုင်းအောင်လူနှင့် နန်းအေးဝင်းတို့သည် Online ပေါ်တွင် တွေ့ဆုံပြီး လက်ထက်ခဲ့ကြကြောင်း RCSS/SSA တာဝန်ရှိတစ်ဦး ပြောပြချက်အရ သိရှိရပါသည်။

ပြီးခဲ့သည့် ၂၀၂၀ ခုနှစ် သြဂုတ်လ ၂၂ ရက်နေ့တွင် နန်းအေးဝင်းသည် ပူကျန်းထီး နှင့် နိုင်းမွန်းတို့အိမ်သို့ အလည်ရောက်ခဲ့ပြီး နိုင်းမွန်းတစ်ယောက်ထဲရှိသည့်အချိန်တွင် အခွင့်ကောင်းယူပြီး အိမ်ယာခင်းအသစ်ချုပ်ပေးမည်ဟုဆိုကာ အိပ်ယာတိုင်းတာရန် အကြောင်းပြ၍ နိုင်းမွန်းထံ အိပ်ခန်းထဲဝင်ခွင့်တောင်းခဲ့ပြီး အိပ်ခန်းထဲတွင် သိမ်းထားသည့် ပူကျန်းထီး နှင့် နိုင်းမွန်းတို့၏ ရွှေ ၁၀ ၁/၄ ကျပ်သား နှင့် ငွေဒဂႅါး ၄၀ ပြားခိုးယူထွက်ပြေးသွားခဲ့သည်။

ယခုလက်ရှိအချိန်ထိ အဆိုပါ စိုင်းအောင်လူနှင့် နန်းအေးဝင်း ဇနီးမောင်နှံတို့သည် သျှမ်းပြည်တွင်းနယ်လည့်ကာ ဒေသခံပြည်သူလူထုများထံတို့ RCSS/SSA တပ်ဖွဲ့၏အမည်အားအလွှဲသုံးစားပြုကာ  ငွေလိမ်လည်မှုများဆက်လက်ပြုလုပ်နေပြီး ဟိုတယ် / တည်းခိုခန်းတွင်လည်း RCSS/SSA တပ်ဖွဲ့ဝင်တစ်ဦးဖြစ်ကြောင်း အမည်အလွှဲသုံးစားပြုကာ တည်းခိုခပေးဆောင်မှုမရှိခဲ့ကြောင်း ဒေသတွင်းသတင်းပေးပို့ချက်အရ သိရှိရသည်။

ဤအကြောင်းအရင်းများကြောင့် ဒေသခံပြည်သူလူထုများအနေဖြင့် ၎င်းတို့ဇနီးမောင်နှံ၏ လိမ်လည်ဖြားယောင်းမှုမခံရစေရန် နှင့် စိုင်းအောင်လူနှင့် နန်းအေးဝင်း ဇနီးမောင်နှံတို့အားတွေ့ရှိပါက သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ / သျှမ်းပြည်တပ်မတော် RCSS/SSA နယ်မြေခံဆက်ဆံရေးရုံးသို့လည်းကောင်း ၊ နယ်မြေခံ တာဝန်ရှိပုဂ္ဂိုလ်များထံသို့လည်းကောင်း ဆက်သွယ်အကြောင်းကြားပါရန် အသိပေးအကြောင်းကြားအပ်ပါသည်။

Taifreedom

Facebook

သတင်း