RCSS/SSA အမည်သုံး၍ ဆက်ကြေးငွေလိုက်လှံတောင်းခံသူအား RCSS/SSAမှ ဖမ်းဆီးရမိ

သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA တပ်ဖွဲ့၏ အမည်သုံး၍ ပန်လော့ကျေးရွာဥက္ကဋ္ဌဆီသို့ စာပို့ကာ ဆက်ကြေးငွေတောင်းခံသူအား သျှမ်းပြည်နယ်တောင်ပိုင်း မိုင်းကိုင်မြို့နယ် တုန်လောဝ်ကျေးရွာတွင် ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိသည်။

ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် သြဂုတ်လ ၂၅ ရက်နေ့ ညနေ ၂ နာရီခန့်၌ မိုင်းကိုင်မြို့နယ် ပန်လော့ကျေးရွာဥက္ကဋ္ဌဆီသို့ RCSS/SSAတပ်သားမှ ဆက်ကြေးတောင်းသည့် စာတစ်စောင်ရောက်လာကြောင်း သျှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ/သျှမ်းပြည်တပ်မတော် RCSS/SSA တပ်ဖွဲ့၏ နယ်မြေတာဝန်ခံများထံသို့ ဒေသခံပြည်သူလူထု၏ တိုင်ကြားချက်အရ တာဝန်ရှိပုဂ္ဂိုလ်များမှ လိုက်လှံစစ်ဆေးရာတွင် မောင်အောင်ကျော်မိုး အသက် ၃၉ နှစ် (လွယ်လလူမျိုး)အား RCSS/SSAအမည်အားအလွှဲသုံးသောဆက်ကြေးတောင်းစာစောင် ၊ သျှမ်းပြည်တပ်မတော် RCSS/SSAနှင့် ဆင်တူသည့် ဝတ်စုံ တစ်စုံ ၊ ပလက်စတပ် ပစ္စတိုသေနတ်တစ်လက် ၊ သျှမ်းပြည်အလံတစ်ခု နှင့်အတူ မိုင်းကိုင်မြို့နယ် တုန်လောဝ်ကျေးရွာတွင် ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါမောင်အောင်ကျော်မိုးရေးသားပြီး ပန်လော့ကျေးရွာဥက္ကဋ္ဌဆီသို့ ပေးပို့ခဲ့သည့်စာစောင်ထဲတွင်  RCSS/SSA မှ ကျေးရွာဥက္ကဋ္ဌဆီသို့  ခုချိန်ကျွန်တော်တို့ တောထဲတွင်ရှိနေပြီး ဟင်ဖိုးမရှိသဖြင့်  အကူအညီတောင်းပါရစေ ပန်လော့ကျေးရွာတွင် အိမ်ခြေ ၁၀၀ ရှိရာတွင် ကျွန်တော်တို့ကို ၁၀၀၀၀၀ (တစ်သိန်း)ကျပ်ပေးရမည် မနက်ဖြန်လာယူမည် စာအပိတ်တွင် တိုင်းလွတ်လျဲန်း ဟုရေးသားထားကြောင်း သိရသည်။

ဒေသခံပြည်သူလူထုအနေဖြင့် အသကႅာဖွယ်ရာ ငွေကြေးကောက်ခံမှု သို့မဟုတ် အသကႅာစရာ အခြားသော အကြောင်းအရာများတွေ့ရှိပါက နီးစပ်ရာ သျှမ်းပြည်တပ်မတော် RCSS/SSA တပ်ဖွဲ့၏ နယ်မြေတာဝန်ခံများထံသို့ ဆက်သွယ်အကြောင်းကြားနိုင်ပါသည်။

Taifreedom

Facebook

သတင်း