RCSS/SSA မှ ဟိုပုံးမြို့နယ်တွင်း မူးယစ်ဆေးဝါးဖမ်းဆီးရမိ

သျှမ်းပြည်တောင်ပိုင်း ဟိုပုံးမြို့နယ်တွင်း သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/သျှမ်းပြည်တပ်မတော် RCSS/SSA တပ်ဖွဲ့မှ မူးယစ်ဆေးဝါးဖမ်းဆီးရမိကြောင်း သတင်းရရှိသည်။

ဖြစ်စဥ်မှ  ပြီးခဲ့သည့် ၂၀၂၀ ခုနှစ် ဧပြီလ ၁၃ ရက်နေ့ နံနက် ၂ နာရီခန့်တွင် မူးယစ်ဆေးဝါးရောင်းဝယ်သူ တစ်ဦးသည် ဆိုင်ကယ်တစ်စီးဖြင့်  သျှမ်းပြည်တောင်ပိုင်း ဟိုပုံးမြို့နယ် မိုင်းလင်းကျေးရွာအုပ်စု ဟယ်ခိုင်ကော်ကျေးရွာမောင်းနင်းလာစဥ် လမ်းတွင် နယ်မြေစစ်ဆေးမှု ပြုလုပ်နေသည့် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/သျှမ်းပြည်တပ်မတော် RCSS/SSA ၏ နယ်မြေခံတပ်ရင်းများနှင့် ဆုံမိ၍ မူးယစ်ဆေးဝါးရောင်းဝယ်သူမှာ ဆိုင်ကယ်ရပ်၍ ထွက်ပြေးလွတ်မြောက်သွားကြောင်း သိရှိရသည်။

RCSS ၏ နယ်မြေခံတပ်ရင်းမှ တပ်သားများလည်း မသကႅာသဖြင့် ရပ်နေသည့် ဆိုင်ကယ်တွင် သွားရောက်စစ်ဆေးကြည့်ရာ ဆိုင်ကယ်ထိုင်ခုံအောက်တွင် WY အမှတ်တံဆိပ် စိတ်ကြွဆေးပြား (ယာမ) စုစုပေါင်း ၆၁၁၂ ပြားတွေ့ရှိရကြောင်း သတင်းရရှိသည်။

ပြီးခဲ့သည့် ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလတွင်းတွင်လည်း သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ သျှမ်းပြည်တပ်မတော်  RCSS/SSA နယ်မြေခံတပ်ရင်းများမှ ဒေသခံပြည်သူများ၏ သတင်းပေးပို့ချက်အရ မူးယစ်ဆေးဝါးသုံးစွဲရောင်းဝယ်သူ ၆ ဦးနှင့် သက်သေခံ မူးယစ်ဆေးဝါးများဖမ်းဆီးရမိပြီဖြစ်သည်။

Taifreedom

Facebook

သတင်း