RCSS/SSA မှ မူးယစ်ဆေးဝါးသယ်ဆောင်လာသူတစ်ဦး ဖမ်းဆီးရမိ

သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ / သျှမ်းပြည်တပ်မတော် RCSS/SSA နယ်မြေခံတပ်ရင်းမှ တောလမ်းဖြင့် မူးယစ်ဆေးဝါးသယ်ဆောင်လာသည့် ဒေသခံတစ်ဦးအား ဖမ်းဆီးရမိကြောင်း သတင်းရရှိသည်။

ဖြစ်စဥ်မှာ ၂၀၂၀ ခုနှစ် သြဂုတ်လ ၁၆ ရက်နေ့တွင် RCSS/SSA ထိန်းချုပ်နယ်မြေတွင်း နယ်မြေခံတပ်ရင်းမှ စစ်ဆေးရေးပြုလုပ်နေစဥ် တောလမ်းဖြင့် နယ်မြေတွင်း ဝင်ရောက်လာသည့်  စိုင်းတင့် အသက် ၂၃ နှစ်အား တွေ့ရှိရပြီး တားဆီးစစ်ဆေးရာ စိတ်ကြွဆေးပြား(ယာမ) ၉၈၀၀ ပြား (၄၉ ထုတ်) အားတွေ့ရှိပြီး ၎င်းအား စစ်ဆေးမှုအရ ပင်လုံမြို့နယ်သို့ သယ်ယူပို့ဆောင်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ မူးယစ်ဆေးဝါးသယ်ဆောင်သည့် စိုင်းတင့်အား RCSS/SSA မှ ထိန်းချုပ်ထားပြီး သျှမ်းပြည်ပြန်လည်ထူထောင်ရေး‌ကောင်စီ RCSS ၏ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးပေါ်လစီနှင့်အညီ မူးယစ်ဆေးဝါးနှင့် ပတ်သက်သူများအား အရေးယူခြင်း ၊ဆေးကုသပေးခြင်း ၊ မူးယစ်ဆေးဝါးဖြတ်ပေးခြင်းနှင့် အကျင့်စာရိတ္တပြုပြင်ပေးခြင်းစသည့် လုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၂၀ ခုနှစ် ဇွန်လ ၅ ရက်နေ့တွင်လည်း ဒေသခံများ၏သတင်းပေးပို့ချက်အရ သျှမ်းပြည်တောင်ပိုင်း ပင်လုံမြိုန့ယ် တန့်အယ်ကျေးရွာအုပ်စု နမ့်ခုတ်ကျေးရွာနေ စိုင်းပန်အား WY အမှတ်တံဆိပ် စိတ်ကြွဆေးပြား ၉၄၀၀ ပြား ၊ ဘိန်းစိမ်း ၁ ပိဿာနှင့်အတူ ဖမ်းဆီးရမိခဲ့ပါသည်။

Taifreedom

Facebook

သတင်း