RCSS/SSA မှ မူးယစ်ဆေးဝါးရောင်းဝယ်သူများအား ဖမ်းဆီးရမိ

သျှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့နယ်တွင် RCSS/SSA မှ ဒေသခံပြည်သူလူထု သတင်းပေးပို့ချက်အရ မူးယစ်းဆေးဝါးရောင်းဝယ်သူများအား သက်သေခံမူးယစ်ဆေးဝါးနှင့်အတူ ဖမ်းဆီးရမိကြောင်း သတင်းရရှိသည်။

ပြီးခဲ့သည့် ၂၀၂၀ ခုနှစ် မေလ ၅ ရက်နေ့တွင် ဒေသခံပြည်သူလူထုမှ သတင်းပေးပို့ချက်အရ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/သျှမ်းပြည်တပ်မတော် (RCSS/SSA)၏ နယ်မြေခံတပ်ရင်းများနှင့် ကျေးရွာတာဝန်ရှိပုဂ္ဂိုလ်များတို့ ပူးပေါင်းပြီး သျှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့နယ် ဟွေအွန်ကျေးရွာအုပ်စုတွင်း မသကႅာသည့် နေရာများစစ်ဆေးကြည့်ရာ မူးယစ်ဆေးဝါးရောင်းဝယ်သူ ၂ ဦးအား သက်သေခံ WY အမှတ်တံဆိပ် စိတ်ကြွဆေးပြား ( ယာမ) ၂၂၀၁ ပြားနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရှိရသည်။

ထို့အပြင် မိဘဆွေးမျိူးများမှ အကြောင်းကြားသဖြင့် RCSS/SSA နယ်မြေခံတပ်ရင်းများနှင့် ကျေးရွာတာဝန်ရှိပုဂ္ဂိုလ်များတို့ ပူးပေါင်းပြီး သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံမြို့နယ် ကတ်တောင်ကျေးရွာအုပ်စု လိုင်ခိုက်ကျေးရွာနေ အသက် ၃၆ နှစ်အရွယ် စိုင်းစိုင်း၏ နေအိမ်အား သွားရောက်စစ်ဆေးရာ ၎င်းအား WY အမှတ်တံဆိပ် စိတ်ကြွဆေးပြား ( ယာမ)နှင့်အတူ ဖမ်းဆီးရမိကြောင်း သတင်းရရှိသည်။

အဆိုပါ စိုင်းစိုင်းသည် မူးယစ်ဆေးဝါးရောင်းဝယ်သဖြင့် အကျဥ်းထောင် ၃ နှစ်ခန့် ကျခံဖူးပြီး မကြာသေးမီကပင် ၎င်းမိဘ၏ အာမခံဖြင့် ထောင်မှလွတ်လာပြီး မူးယစ်ဆေးဝါးပြန်လည်ရောင်းဝယ်သည့်အပြင် ၎င်း၏မိဘအား နေအိမ်၌ မနေနိုင်သည်အထိ ရိုက်နှက်ခဲ့သဖြင့် မိဘဆွေမျိုးများမှ ၎င်း၏အကျင့်စာရိတ္တပြုပြင်နိုင်ရန်အတွင် RCSS/SSA နယ်မြေခံတပ်ရင်းများထံ အကြောင်းကြားခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

မူးယစ်ဆေးဝါးရောင်းဝယ်သူများအား RCSS/SSA မှ ထိန်းချုပ်ထားပြီး သျှမ်းပြည်ပြန်လည်ထူထောင်ရေး‌ကောင်စီ RCSS ၏ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးပေါ်လစီနှင့်အညီ မူးယစ်ဆေးဝါးရောင်းဝယ်သူများအား အရေးယူခြင်း ၊ဆေးကုသပေးခြင်း ၊ မူးယစ်ဆေးဝါးဖြတ်ပေးခြင်းနှင့် အကျင့်စာရိတ္တပြုပြင်ပေးခြင်းစသည့် လုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

Taifreedom

Facebook

သတင်း