RCSS/SSA မှ ဒေသခံပြည်သူများအား ဝိုင်းဝန်းကူညီပေးခြင်း ၊ COVID-19 သံသယလူနာရှိမရှိ စစ်ဆေးပေးခြင်းနှင့် ကြိုတင်ကာကွယ်နည်း အသိပညာဟောပြောပေးခြင်း

ပြီးခဲ့သည့် ၂၀၂၀ ခုနှစ် ဇွန်လ ၁ ရက်နေ့မှ ၅ ရက်နေ့အထိ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ သျှမ်းပြည်တပ်မတော် RCSS/SSA နယ်မြေခံတပ်ရင်းများမှ သျှမ်းပြည်တောင်ပိုင်း မိုင်းပန်၊လင်းခေးမြို့နယ်တွင်းရှိ ကျေးရွာအုပ်စုများ ၊ ကျေးရွာများတွင် နေထိုင်ကြသော ဒေသခံပြည်သူလူထုများ၏ လယ်ယာ၊တောင်ယာထွန်ပေးခြင်း ၊ ကောက်စိုက်သီးနှံများ ဝိုင်းဝန်းစိုက်ပျိုးပေးခြင်း နှင့် ရပ်ရွာဘုန်းတော်ကြီးများ သန့်ရှင်းရေးဝိုင်းဝန်းကူညီရှင်းလင်းပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။

ပြီးခဲ့သည့် ၂၀၂၀ ခုနှစ် ဇွန်လ ၂ ရက်နေ့မှ ၃ ရက်နေ့အထိ RCSS/SSA ကျန်းမာရေးဝန်ထမ်းများမှ သျှမ်းပြည်နယ်တောင်ပိုင်း ကျေးသီးမြို့နယ်တွင် နေထိုင်ကြသော ဒေသခံပြည်သူများအား မူးယစ်ဆေးဝါးဆိုင်ရာ ဗဟုသုတများ ဟောပြောခြင်း ၊ ကိုလိုနာဗိုင်းရပ်စ် COVID-19 သံသယလူနာရှိမရှိ စစ်ဆေးပေးခြင်းနှင့် ကြိုတင်ကာကွယ်နည်း အသိပညာဟောပြောပေးခြင်းများ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

Taifreedom

Facebook

သတင်း