RCSS/SSA မှ ဒေသခံပြည်သူများအား ဝိုင်းဝန်းကူညီပေးသည့်အပြင် COVID-19 သံသယလူနာရှိမရှိ စစ်ဆေးပေးခြင်း နှင့် ကြိုတင်ကာကွယ်နည်း အသိပညာဟောပြောပေးခြင်း

ပြီးခဲ့သည့် ၂၀၂၀ ခုနှစ် မေလ ၈ ရက်နေ့မှ ၁၀ ရက်နေ့အထိ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ သျှမ်းပြည်တပ်မတော် RCSS/SSA နယ်မြေခံတပ်ရင်းများမှ သျှမ်းပြည်တောင်ပိုင်း လင်းခေးမြို့နယ်တွင်း ဒေသခံပြည်သူများ၏ လယ်ယာများ နှင့် တောင်ယာများအား လယ်ထွန်ခြင်း ၊ တောင်ယာရှင်းလင်းခြင်း စသည့်လုပ်ငန်းများ ဝိုင်းဝန်းကူညီလုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။

ထို့အပြင် RCSS ကျန်းမာရေးဝန်ထမ်းများ နှင့် အစိုးရကျန်းမာရေးဝန်ထမ်းများတို့ ပူးပေါင်းပြီး သျှမ်းပြည်တောင်ပိုင်း လဲချားမြို့နယ် ၊ လင်းခေးမြို့နယ် နှင့် ကျေးသီးမြို့နယ် မိုင်းနောင်မြို့နယ်ခွဲ တွင်းနေထိုင်သော ဒေသခံပြည်သူလူထုများအား အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ ကိုလိုနာဗိုင်းရပ်စ် COVID-19 သံသယလူနာရှိမရှိ စစ်ဆေးပေးခြင်း နှင့် ကြိုတင်ကာကွယ်နည်း အသိပညာဟောပြောပေးခြင်းများ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

Taifreedom

Facebook

သတင်း