RCSS/SSA မှဖမ်းဆီးရမိ မူးယစ်ဆေးဝါးများအား မြန်မာနိုင်ငံရဲတပ်ဖွဲ့ထံသို့ လွှဲပြောင်းပေးအပ်

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲခရိုင် ကျောက်မဲမြို့နယ်အတွင်း သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ / သျှမ်းပြည်တပ်မတော် (RCSS/SSA) ထိန်းချုပ်ရာဒေသအတွင်း ကျောက်မဲ-မိုင်းလုံကားလမ်းတစ်ဝှက် ဖမ်းဆီးရမိသည့်  မူးယစ်ဆေးဝါးနှင့် သယ်ဆောင်လာသူများအား မြန်မာနိုင်ငံရဲတပ်ဖွဲ့ထံသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

ဖမ်းဆီးရမိသည့်  မူးယစ်ဆေးဝါးနှင့် သယ်ဆောင်လာသူများမှာ ပြီးခဲ့သည့် ၂၀၂၀ ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင် ဒေသခံပြည်သူများ၏ ကြိုတင်သတင်းပေးပို့ချက်အရ RCSS/SSA လက်အောက်ခံလှုပ်ရှား တပ်ရင်းမှ ကျောက်မဲ-မိုင်းလုံကားလမ်းတစ်ဝှက်တွင် မူးယစ်ဆေးဝါးစစ်ဆေးလျှက်ရှိစဥ်  မောင်အောင်ဝင်းစိုး၊ မောင်အေးခိုင်ဖြိုး ၊ မောင်ကြည်သာအောင် ၊ မောင်အာကာထွန်းတို့ စီးနင်းလာသည့် ဆိုင်ကယ်နှစ်စီးအား မသင်္ကာ၍ စစ်ဆေးရာ ဆပ်ပြာခွက်ဖြင့်ထည့်ထားသည့် ဘိန်ဖြူ ၃၃၀ ကီလိုဂရမ်ဖမ်းအားသက်သေခံမူးယစ်ဆေးဝါးနှင့်အတူဆီးရမိခဲ့ခြင်းဖြစ်သည်။

အလားတူစွာ ပြီးခဲ့သည့် ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလ ၁၈ ရက်နေ့တွင်လည်း ဒေသခံပြည်သူများ၏ ကြိုတင်သတင်းပေးပို့ချက်အရ RCSS/SSA လှုပ်ရှားတပ်ရင်းမှ ကျောက်မဲ-မိုင်းလုံကားလမ်းတစ်ဝှက်တွင် မူးယစ်ဆေးဝါးစစ်ဆေးရာ မောင်သန်းအေး နှင့် မောင်သာရာဘီရ် တို့သယ်ဆောင်လာသည့် ဘိန်းဖြူ ပင်နီဆီလင် ၂ ဗူး ၊ စိတ်ကြွဆေးပြား (ယာမ) ၆ ပြား ဖမ်းဆီးရမိထားကြောင်း သိရှိရသည်။

အဆိုပါ ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးနှင့် မူးယစ်ဆေးဝါးသယ်ဆောင်လာသူများအား ယနေ့ ၂၀၂၀ ခုနှစ် ‌ဖေဖော်ဝါရီလ ၁၉ ရက်နေ့ ၃ နာရီခွဲခန့်တွင် သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် မန်ခါကျေးရွာအုပ်စုတွင် ပြုလုပ်ခဲ့သည့် RCSS/SSA မှဖမ်းစီးရမိသည့် မူးယစ်ဆေးဝါးများအား မြန်မာနိုင်ငံရဲတပ်ဖွဲ့ထံ လွှဲပြောင်းပေးအပ်ခြင်းအခမ်းအနား၌ ကျောက်မဲမြို့ RCSS/SSA ဆက်ဆံရေးရုံးမှ ဗိုလ်မှူး နန်းမိုးမိုးစော မှ မြို့နယ်ရဲတပ်ဖွဲမှူး ရဲမှူးနိုင်ဝင်း ထံ လွှဲပြောင်းပေးအပ်ခဲ့ရာကေျးရွာ ရပ်မိရပ်ဖများမှအသိသက်သေအဖြစ် တက်ရောက်ခဲ့ပြီး အခမ်းအနားအား အောင်မြင်စွာကျင်းပနိုင်ခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၂၀ ခုနှစ် ဇန်နဝါရီလ ၁၈ ရက်နေ့တွင်လည်း RCSS/SSA တပ်ဖွဲ့ဝင်မှ ဖမ်းဆီးရမိသည့် စိတ်ကြွဆေးပြား (၇၉၁၄၁) ပြားနှင့် ဘိန်းဖြူ ၁၀.၂၈ ကီလိုဂရမ်ကို ကျောက်မဲအခြေစိုက် စစ်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့ဝင် ဗိုလ်ကြီး ဇာနည်အောင်ထံသို့ လွှဲပြောင်းပေးအပ်သည့် အခမ်းအနားတကြိမ်ပြုလုပ်ခဲ့ပြီးဖြစ်သည်။

Taifreedom

Facebook

သတင်း