RCSS/SSA ထိန်းချုပ်နယ်မြေများတွင် COVID-19 စစ်ဆေးပေး

RCSS/SSA ထိန်းချုပ်နယ်မြေများတွင် အသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါ ကိုလိုနာဗိုင်းရပ်စ် (COVID-19)ရောဂါ သံသယလူနာ ရှိ/မရှိ စစ်ဆေးပေးခြင်း၊ ကြိုတင်ကာကွယ်နည်းများ အသိပညာ ဟောပြောပေးခြင်း နှင့် နှာခေါင်းစည်း (Mask) များဖြန့်ဝေခြင်းစသည့် လုပ်ငန်းများဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။

ယနေ့ ၂၀၂၀ ခုနှစ် မတ်လ ၃၀ ရက်နေ့တွင် သျှမ်းပြည်တောင်ပိုင်း လဲချားမြို့နယ် RCSS/SSA ထိန်းချုပ်နယ်မြေတွင် RCSS/SSA ကျန်းမာရေးဝန်ထမ်းများ နှင့် အစိုးရကျန်းမာရေးဝန်ထမ်းတို့ ပူးပေါင်းပြီး ဒေသခံပြည်သူလူထုများ နှင့် တပ်ဖွဲ့ဝင်တပ်သားများအား အသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါ ကိုလိုနာဗိုင်းရပ်စ် (COVID-19)ရောဂါ သံသယလူနာ ရှိ/မရှိ စစ်ဆေးပေးခြင်း၊ ကြိုတင်ကာကွယ်နည်းများ အသိပညာ ဟောပြောပေးခြင်းများ ပြုလုပ်ကြရာတွင် RCSS/SSA တပ်သားများနှင့် ဒေသခံပြည်သူလူထုများ စုစုပေါင်း ၁၀၆ ဦး COVID-19 စစ်ဆေးမှု ခံယူခဲ့ပြီးနောက် RCSS/SSA နယ်မြေခံတာဝန်ရှိပုဂ္ဂိုလ်များမှ လဲချားမြို့နယ်တွင်း ကျေးရွာအုပ်စု စုစုပေါင်း ၃၂ အုပ်စုအား ကိုလိုနာဗိုင်းရပ်စ် (COVID-19)ရောဂါ သံသယလူနာ ရှိ/မရှိ စစ်ဆေးပေးခြင်း၊ ကြိုတင်ကာကွယ်နည်းများ အသိပညာ ဟောပြောပေးခြင်း ပြုလုပ်နိုင်ရန် ဆောင်ရွက်သွား မည်ဖြစ်ကြောင်း သိရှိရသည်။

၎င်းတို့အပြင် ပြီးခဲ့သည့် ၂၀၂၀ ခုနှစ် မတ်လ ၂၉ ရက်နေ့တွင် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ /သျှမ်းပြည်တပ်မတော် RCSS/SSA ထိန်းချုပ်နယ်မြေမှ နယ်မြေခံ ကျန်းမာရေးဝန်ထမ်းများ၊ ကြက်ခြေနီအဖွဲ့ဝင်များ နှင့် ရပ်ရွာလူငယ်အဖွဲ့အစည်းတို့ ပူးပေါင်းပြီး မူဆယ်မြို့ရှိ ကျေးရွာများ၊ ပန်းဆိုင်းမြို့ရှိ ကျေးရွာများနှင့် နမ့်ခမ်းမြို့ရှိ ကျေးရွာများတွင် အသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါ ကိုလိုနာဗိုင်းရပ်စ် (COVID-19)ရောဂါ သံသယလူနာ ရှိ/မရှိ စစ်ဆေးပေးခြင်း ၊ ကြိုတင်ကာကွယ် နည်းများ အသိပညာ ဟောပြောပေးခြင်း နှင့် နှာခေါင်းစည်း (Mask) များဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။

ပြီးခဲ့သည့် ၂၀၂၀ ခုနှစ် မတ်လ ၂၈ နှင့် ၂၉ ရက်နေ့ ၂ ရက်တိတိ အရှေ့ပိုင်း စစ်ဒေသ (၁) RCSS/SSA ထိန်းချုပ်နယ်မြေတွင်းရှိ မူးယစ်ဆေးဝါးသုံးစွဲကုသရေးစခန်းတွင် ဆေးဖြတ်ခြင်းနှင့် ကုသခြင်းခံယူနေ သူ ၁၁၈ ဦးအား RCSS/SSA ကျန်းမာရေး၀န်ထမ်းများမှ အသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါ ကိုလိုနာဗိုင်းရပ်စ် (COVID-19)ရောဂါ သံသယလူနာ ရှိ/မရှိ စစ်ဆေးပေးခြင်း၊ ကြိုတင်ကာကွယ် နည်းများ အသိပညာ ဟောပြောပေးခြင်းများ ပြုလုပ်ခဲ့သည့်အပြင် အရှေ့ပိုင်း စစ်ဒေသ (၁) RCSS/SSA ထိန်းချုပ်နယ်မြေတွင်း နေထိုင်ကြသော ဒေသခံပြည်သူများ နှင့် ကလေးများကိုလည်း (COVID-19)ရောဂါ သံသယလူနာ ရှိ/မရှိ စစ်ဆေးပေးခြင်း၊ ကြိုတင်ကာကွယ်နည်းများ အသိပညာ ဟောပြောပေးခြင်းများ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

အလားတူစွာ ၂၀၂၀ ခုနှစ် မတ်လ ၂၈ နှင့် ၂၉ ရက်နေ့တွင် သျှမ်းပြည်တောင်ပိုင်း ကျိုင်းတောင်းမြို့နယ် ကျိုင်းလွမ်ကျေးရွာအုပ်စုတွင်လည်း သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS ၏ ကျန်းမာရေးဝန်ထမ်းများမှ နယ်ဆင်း၍ အသက်လမ်းကြောင်းဆိုင်ရာရောဂါ ကိုလိုနာဗိုင်းရပ်စ် (COVID-19)ရောဂါ ကြိုတင်ကာကွယ်နည်းများ အသိပညာ ဟောပြောပေးခြင်းခဲ့ကြောင်း သတင်းရရှိသည်။

ပြီးခဲ့သည့် ၂၀၂၀ ခုနှစ် မတ်လ ၂၄ ရက်နေ့တွင်လည်း RCSS ဗဟိုဌာနချုပ် လွယ်တိုင်းလျဲန်းနှင့် သျှမ်းပြည်တွင်း မြို့နယ်အသီးသီးတွင် COVID-19 ကြိုတင်ကာကွယ်နည်းများ နယ်ဆင်းအသိပညာပေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

Taifreedom

Facebook

သတင်း