RCSS/SSA တပ်သားများမှ ပြည်သူလူထုများအား ဝိုင်းဝန်းကူညီသည့်အပြင် COVID-19 သံသယလူနာရှိမရှိ စစ်ဆေးပေးခြင်း နှင့် ကြိုတင်ကာကွယ်နည်း အသိပညာဟောပြောခြင်း

သျှမ်းပြည်တွင်းရှိ မြို့နယ်အသီးသီး၌ တာဝန်ကျနေသည့် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSAတပ်သားများမှ ဒေသခံပြည်သူလူထုများအား လမ်းပန်းဆက်သွယ်ရေးပိုမိုကောင်းမွန်နိုင်ရန်အတွက် လမ်းပြုပြင်ခြင်း နှင့် COVID-19 သံသယလူနာရှိမရှိစစ်ဆေး‌ပေးခြင်းနှင့် ကြိုတင်ကာကွယ်နည်း အသိပညာပေးခြင်းစသည့် လုပ်ငန်းများဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။

ပြီးခဲ့သည့် ၂၀၂၀ ခုနှစ် မေလ ၈ ရက်နေ့တွင် သျှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့နယ်တွင် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ / သျှမ်းပြည်တပ်မတော် RCSS/SSA နယ်မြေခံတပ်ရင်းများမှ ဒေသခံများ၏ လမ်းပန်းဆက်သွယ်ရေး ပိုမိုကောင်းမွန်းရန်အတွက် ဆိုသည့် ရည်ရွယ်ချက်ဖြင့် ဒေသခံများနှင့်အတူ လမ်းပြုပြင်ခြင်း နှင့် ရေမြောင်းပြုပြင်ခြင်းများ ဝိုင်းဝန်းကူညီခဲ့ကြောင်း သတင်းရရှိသည်။

ထို့အပြင် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS၏ ကျန်းမာရေးဝန်ထမ်းများနှင့် အစိုးရကျန်းမာရေးဝန်ထမ်းများတို့ ပူးပေါင်းပြီး သျှမ်းပြည်တောင်ပိုင်း လင်းခေးမြို့နယ်တွင်း နေထိုင်ကြသော ဒေသခံပြည်သူစုစုပေါင်း ၁၉၆ ဦးတို့အား အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ ကိုလိုနာဗိုင်းရပ်စ် (COVID-19)သံသယလူနာရှိမရှိ စစ်ဆေးပေးခြင်း နှင့် ကြိုတင်ကာကွယ်နည်း အသိပညာဟောပြောခြင်း ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

Taifreedom

Facebook

သတင်း