RCSS/SSA တပ်စခန်းအား TNLA မှ ပစ်ခတ်တိုက်ခိုက်

သျှမ်းပြည်နယ်မြောက်ပိုင်း မိုင့်ငေါ့မြို့နယ်ခွဲတွင် RCSS/SSA နှင့် TNLAတို့ နှစ်ရက်တိတိ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် စက်တင်ဘာလ ၁၆ ရက်နေ့ နေ့လည် ၂ နာရီခန့်တွင် သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် မိုင်းငေါ့မြို့နယ်ခွဲ ဝမ်ခိုမ်းကောဝ်ကျေးရွာအုပ်စု ဟိန်းဝေးကျေးရွာတွင် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/သျှမ်းပြည်တပ်မတော် RCSS/SSA စခန်းအား မြောက်ပိုင်းမဟာမိတ်တပ့်ဖွဲဝင်ဖြစ်သည့် တအောင်းတပ်မတော် TNLA မှ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယနေ့ ၂၀၁၉ ခုနှစ် စက်တင်ဘာလ ၁၇ ရက်နေ့ နံနက်ပိုင်းအထိ တိုက်ပွဲဆက်လက်ဖြစ်ပွားလျက်ရှိပြီး နေ့လည်ပိုင်းအချိန်ခန့်တွင် TNLA မှ ဝမ်ခိုမ်းကောဝ်ကျေးရွာထိပ်ရှိ ကျေးရွာဘုန်းတော်ကြီးကျောင်းတွင် ပြန်လည်ဆုတ်ခွာခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် စက်တင်ဘာလ ၉ ရက်နေတွင် မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့ ၃ ဖွဲ့ MNDAA , AA , TNLA တို့မှ ၂၀၁၉ ခုနှစ် စက်တင်ဘာလ ၉ ရက်နေ့မှ ၂၀၁၉ အောက်တိုဘာလ ၈ ရက်နေ့အထို တစ်လတာ အပစ်ရပ်ထုတ်ပြန်ကြေညာထားသော်လည်း တိုက်ပွဲဆက်လက်ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။

Taifreedom

Facebook

သတင်း