RCSS/SSA ကင်းလှည့်တပ်ဖွဲ့တချို့ နှင့် အစိုးရတပ်မတော် မတော်တဆ ပစ်ခတ်မှုဖြစ်ပွား

၂၀၁၉ ခုနှစ် နိုဝင်ဘာလ ၂၈ ရက်နေ့ နံနက်ပိုင်းတွင် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ သျှမ်းပြည်တပ်မတော် (RCSS/SSA) ကင်းလှည့်တပ်ဖွဲ့တချို့ နှင့် အစိုးရတပ်မတော် စစ်ကြောင်းတို့ သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ် မန်စံကျေးရွာအုပ်စု မန်ဝါကျေးရွာအနီးတွင် မတော်တဆ ပစ်ခတ်မှု ဖြစ်ပွားခဲ့သည်။

နိုဝင်ဘာလ ၂၈ ရက်နေ့ ဒေသစံတော်ချိန်နံနက် ၈ နာရီအချိန်ခန့်တွင် TNLA တပ်ဖွဲ့အား ရှင်းလင်းတိုက်ခိုက်နေသည့် အစိုးရတပ်မတော် စစ်ကြောင်းသည်  RCSS/SSA ကင်းလှည့်တပ်ဖွဲ့နှင့်  မန်ဝါကျေးရွာအနီးတွင် ရုတ်တရက် ဆုံမိကာ ၁၅ မိနစ်ခန့် မတော်တဆ ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

၎င်းမတော်တဆပစ်ခတ်မှုတွင် နှစ်ဖက်တပ်များမှ အခြေအနေ အရပ်ရပ်ကို ပုံမှန်အနေအထားသို့ ပြန်လည်ထိန်းသိမ်းနိုင်ခဲ့ကြောင်း သိရသည်။

ထိုပစ်ခတ်မှုတွင် RCSS/SSA ဘက်မှ ထိခိုက်ကျဆုံးမှုမရှိဘဲ တပ်မတော်ဘက်မှ ထိခိုက်ကျဆုံးမှုကို မသိရှိရသေးပါ။

Taifreedom

Facebook

သတင်း