RCSS/SSAမှ လွိုင်လင်မြို့နယ်တွင် မူးယစ်ဆေးဝါးသုံးစွဲရောင်းဝယ်သူ ၅ ဦးဖမ်းဆီးရမိ

သျှမ်းပြည်တောင်ပိုင်း လွိုင်လင်ခရိုင် လွိုင်လင်မြို့နယ် တောင်နောက်ကျေးရွာအုပ်စုတွင် RCSS/SSA နယ်မြေခံတပ်ရင်းများမှ မူးယစ်ဆေးဝါးသုံးစွဲရောင်းဝယ်သူ ၅ ဦး ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိသည်။

ပြီးခဲ့သည့် ၂၀၂၀ ခုနှစ် ဇွန်လ ၂ ရက်နေတွင် ဒေသခံပြည်သူများ၏ သတင်းပေးပို့ချက်အရ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ / သျှမ်းပြည်တပ်မတော် RCSS/SSA နယ်မြေခံတပ်ရင်းများနှင့် ကျေးရွာတာဝန်ရှိပုဂ္ဂိုလ်များတို့ ပူးပေါင်းပြီး လွိုင်လင်မြို့နယ် တောင်နောက်ကျေးရွာအုပ်စု တောင်ဟိုင်း(နောင်ဟင့်)ကျေးရွာတွင်း ဝင်ရောက်စစ်ဆေးရာ မူးယစ်ဆေးဝါးရောင်းဝယ်သူ ၁ ဦး ၊ မူးယစ်ဆေးဝါးသုံးစွဲသူ ၄ ဦးတို့အား သက်သေခံ WYအမှတ်တံဆိပ် စိတ်ကြွဆေးပြား ၄၂၀ ပြား ၊ ဘိန်းစိမ်း ၅ ကျပ်သားတို့နှစ်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရှိရသည်။

အဆိုပါ မူးယစ်ဆေးဝါးရောင်းဝယ်သူမှာ လုံးစိုင်း အသက် ၅၅ နှစ်ဖြစ်ပြီး မူးယစ်ဆေးဝါးသုံးစွဲသူ ၄ ဦးမှာ လုံးဖြူ အသက် ၄၉ နှစ် ၊ လုံးတ အသက် ၄၅ နှစ် ၊ စိုင်းစိန် အသက် ၃၂ နှစ် နှင့် စိုင်းအွန် အသက် ၂၇ နှစ်တို့ဖြစ်ကြောင်း သိရှိရသည်။

၎င်းတို့အား RCSS/SSA မှ ထိန်းချုပ်ထားပြီး သျှမ်းပြည်ပြန်လည်ထူထောင်ရေး‌ကောင်စီ RCSS ၏ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးပေါ်လစီနှင့်အညီ မူးယစ်ဆေးဝါးသုံးစွဲရောင်းဝယ်သူများအား အရေးယူခြင်း ၊ဆေးကုသပေးခြင်း ၊ မူးယစ်ဆေးဝါးဖြတ်ပေးခြင်းနှင့် အကျင့်စာရိတ္တပြုပြင်ပေးခြင်းစသည့် လုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၂၀ ခုနှစ် မေလ ၃၀ ရက်နေ့တွင်လည်း ဒေသခံပြည်သူ၏ သတင်းပေးပို့ချက်အရ RCSS/SSA နယ်မြေခံတပ်ရင်းများမှ သျှမ်းပြည်တောင်ပိုင်း လွိုင်လင်ခရိုင် ပင်လုံမြို့နယ် တန့်အယ်ကျေးရွာအုပ်စု ပန်ခုတ်ကျေးရွာနေထိုင်သည့် စိုင်းထွန်းအား သက်သေခံ WY အမှတ်တံဆိပ် စိတ်ကြွဆေးပြား ၁၄၀၀ ပြား ၊ ဘိန်းစိမ်း ၇၀ ကျပ်သားတို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

Taifreedom

Facebook

သတင်း