RCSS/SSAမှ ဒေသခံများ၏ စိုက်ပျိုးရေးလုပ်ငန်းများဝိုင်းဝန်းကူညီ

ပြီးခဲ့သည့် ၂၀၂၀ ခုနှစ် မေလ ၂၂ ရက်နေ့တွင် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/သျှမ်းပြည်တပ်မတော် RCSS/SSA နယ်မြေခံတပ်ရင်းများမှ သျှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့နယ် နှင့် သျှမ်းပြည်အရှေ့ပိုင်း မိုင်းတုံမြို့နယ်တွင်း ဒေသခံပြည်သူများ၏ စိုက်ပျိုးရေးလုပ်ငန်းများ ဝိုင်းဝန်းကူညီခဲ့ကြောင်း သိရှိရသည်။

ထို့အပြင် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS ကျန်းမာရေးဝန်ထမ်းများနှင့် အစိုးရကျန်းမာရေးဝန်ထမ်းများတို့ပူးပေါင်းပြီး သျှမ်းပြည်တောင်ပိုင်း လင်းခေးမြို့နယ်တွင်း ဒေသခံပြည်သူများအား အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ ကိုလိုနာဗိုင်းရပ်စ် COVID-19 သံသယလူနာရှိမရှိစစ်ဆေးပေးခြင်းနှင့် ကြိုတင်ကာကွယ်နည်း အသိပညာဟောပြောပေးခြင်းစသည့် လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

Taifreedom

Facebook

သတင်း