RCSS/SSAမှ ဒေသခံပြည်သူများအား ဝိုင်းဝန်းကူညီပေးသည့်အပြင် COVID-19 သံသယလူနာရှိမရှိစစ်ဆေးပေးခြင်းနှင့် ကြိုတင်ကာကွယ်နည်း အသိပညာဟောပြောခြင်း

ပြီးခဲ့သည့် ၂၀၂၀ ခုနှစ် ဇွန်လ ၁၅ ရက်နေ့တွင် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ / သျှမ်းပြည်တပ်မတော် RCSS/SSA နယ်မြေခံတပ်ရင်းမှ သျှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့နယ်တွင် နေထိုင်သော ဒေသခံပြည်သူများ၏ တောင်ယာလုပ်ငန်းများ နှင့် လယ်ယာလုပ်ငန်းများအား ဝိုင်းဝန်းကူညီးပေးသည့်အပြင် ပြီးခဲ့သည့် ဇွန်လ ၁၄ ရက်နေ့တွင် လည်း RCSS ကျန်းမာရေးဝန်ထမ်းများမှ ဟိုပုံးမြို့နယ်တွင်း အခက်အခဲကြုံတွေ့နေရသော ဒေသခံပြည်သူများအား ဆန် နှင့် စားသုံးဆီများဖြင့် သွားရောက်ကူညီပေးခဲ့ပြီး ဟိုပုံးမြို့နယ် မိုးနဲမြို့နယ် နှင့် မောက်မယ်မြို့နယ်တွင် နေထိုင်သော ‌ဒေသခံပြည်သူများအား COVID-19 သံသယလူနာရှိမရှိစစ်ဆေးပေးခြင်းနှင့် ကြိုတင်ကာကွယ်နည်း အသိပညာဟောပြောပေးခဲ့ကြောင်း သတင်းရရှိသည်။

အလားတူစွာ ပြီးခဲ့သည့် ဇွန်လ ၁၂ / ၁၃ ရက်နေ့တွင်လည်း RCSS/SSA နယ်မြေခံတပ်ရင်းများမှ သျှမ်းပြည်တောင်ပိုင်း လင်းခေးမြို့နယ် ၊ ဟိုပုံးမြို့နယ်နှင့် သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြိုန့ယ်တွင် နေထိုင်သော ဒေသခံပြည်သူများ၏ တောင်ယာလုပ်ငန်းများ၊ လယ်ယာလုပ်ငန်းများ ဝိုင်းဝန်းကူညီပေးပြီး RCSS ကျန်းမာရေးဝန်ထမ်းမှလည်း ‌ဒေသခံပြည်သူများအား COVID-19 သံသယလူနာရှိမရှိစစ်ဆေးပေးခြင်းနှင့် ကြိုတင်ကာကွယ်နည်း အသိပညာဟောပြောပေးခဲ့ကြောင်း သိရှိရသည်။

Taifreedom

Facebook

သတင်း