သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ၏ အမျိုးသမီးအသင်းခေါင်းဆောင် နန်းလိန်ခမ်းသည် ထိုင်းနိုင်ငံ မြောက်ပိုင်း ချင်းမိုင်မြို့ North-Chiang Mai University တွင် စီးပွားရေးစီမံခန့်ခွဲမှု (Business Management) ဘာသာရပ်ဖြင့် ၂၀၂၀ ခုနှစ် ဇန်နဝါရီလ ၁၉ ရက်နေ့ ဒေသစံတော်ချိန် နေ့လည် ၂ နာရီက ဘွဲ့ယူခဲ့ကြောင်း သိရသည်။
RCSS ၏ အမျိုးသမီးခေါင်းဆောင် (Wonen’s Association RCSS) နန်းလိန်ခမ်းသည် ပင်ကိုယ်စွမ်းရည်မြှင့်တင်ရေး သာမက အမျိုးသမီးအဖွဲ့အစည်းအတွက်သော်လည်းကောင်း သျှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS) နှင့် သျှမ်းပြည်သူလူထုအတွက် ရည်ရွယ်ပြီး စီးပွားရေးနှင့် စီမံခန့်ခွဲမှု ဘာသာရပ်ကို ကြိုးစားသင်ယူခဲ့ကြောင်း သိရှိရသည်။

ထိုင်းနိုင်ငံရှိ North -Chiang Mai University မှကျင်းပသည့် ဘွဲ့နှင်းသဘင်အခမ်းအနား၌ ၂၀၂၀ ခုနှစ်တွင် ဘာသာရပ်ပေါင်းစုံ ဘွဲ့ရရှိသူ ၅၇၄ ဦးရှိပြီး ပါမောက္ခ နရုန်း ချိုင်းယဆင်မှ ကျောင်းသားကျောင်းသူများအား ဘွဲ့လက်မှတ်ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

ထို ၁၉ ရက်နေ့ ညနေပိုင်းတွင် RCSS ၏ အမျိုးသမီးအသင်းမှ ကြီးမှူး၍ ဂုဏ်ပြုညစာစားပွဲကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ကျင်းပခဲ့ကြောင်း သိရှိရသည်။
RCSS အမျိုးသမီးအသင်းခေါင်းဆောင် နန်းလိန်ခမ်းသည် RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ်၏ ဇနီးဖြစ်သည်။
Taifreedom