RCSS မှ သျှမ်းပြည်မြောက်ပိုင်း စစ်ဘေးရှောင်ဒုက္ခသည်များအား ဆန်နှင့်စားသောက်ဖွယ်ပစ္စည်းများဖြင့် သွားရောက်ကူညီ

သျှမ်းပြည်မြောက်ပိုင်းတွင် မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့နှင့် တပ်မတော်ကြားဖြစ်ပွားနေ့သည့် တိုက်ပွဲတွေကြောင့် အခက်အခဲကြံနေရသည့် စစ်ဘေးရှောင်ဒုက္ခသည်များ၏ စားဝတ်နေရေးအတွက် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS မှ ဆန်နှင့်စားသောက်ဖွယ်ပစ္စည်းများဖြင့် သွားရောက်ကူညီခဲ့ကြောင်း သတင်းရရှိသည်။

မနေ့ ၂၀၁၉ ခုနှစ် သြဂုတ်လ ၂၃ ရက်နေ့တွင် သျှမ်းပြည်မြောက်ပိုင်း လားရှိူးမြို့နယ်တွင်းရှိ စစ်ဘေးရှောင်ဒုက္ခသည်များအား သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ကိုယ်စလှယ်များမှ ဆန် ၊ ဆီ ၊ အာလူး ၊ ကြက်သွန်နီ ၊ ကြက်ဥ ၊ ကြာဇံ ၊ ခရမ်းချဥ်သီး ၊ဂေါ်ဖီထုတ် စသည့် စာသောက်ဖွယ်ပစ္စည်းများဖြင့် လားရှိူးမြို့ မန်ဆူဘုန်းကြီးကျောင်း ၊လာရှိူးမြို့နယ် မိုင်းတင်ကျေးရွာဘုန်းကြီးကျောင်း ၊ တာယော်ကျေးရွာဘုန်းကြီးကျောင်း ၊မတ်ခီနူကျေးရွာဘုန်းကြီးကျောင်း စသည့်ကျေးရွာဘုန်းကြီးကျောင်းများရှိ စစ်ဘေးရှောင်ဒုက္ခသည်များအား ကူညီပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါစစ်ဘေးရှောင်ဒုက္ခသည်များသည် မန်ဆူဘုန်းကြီးကျောင်းတွင် ခန့်မှန်းခြေအရ စစ်ဘေးရှောင်ဒုက္ခသည် ၈၇၀ ဦး ၊ မိုင်းတင်ဘုန်းကြီးကျောင်းတွင် အသက်၁၈နှစ်အောက် ကျား ၆၁ ဦး ၊ မ ၆၉ ဦး ၊အသက် ၁၈ နှစ်အထက် ကျား ၁၃၅ ဦး မ ၁၈၇ ဦး စုစုပေါင်း ၄၅၂ ဦးရှိပြီး တာယော်ဘုန်းကြီးကျောင်းတွင် အသက် ၁၈ နှစ်အောက် ကျား ၂၈၃ဦး မ ၃၂၀ဦး၊အသက် ၁၈ နှစ်အထက် ကျား ၉၁ ဦး မ ၁၂၁ ဦး စုစုပေါင်း ၈၁၅ ဦးနှင့် မတ်ခီနူဘုန်းကြီးကျောင်းတွင် အသက်၁၈နှစ်အောက် ကျား ၈၉ ဦး မ ၆၄ ဦး ၊အသက် ၁၈ နှစ်အထက် ကျား ၂၂၇ ဦး မ ၂၅၈ ဦး စုစုပေါင်း ၆၃၈ ဦးရှိကြောင်း သိရှိရသည်။

လက်ရှိအခြေအနေတွင် သျှမ်းပြည်မြောက်ပိုင်းနေရာအသီးသီးရှိ စစ်ဘေးရှောင်ဒုက္ခသည်များ၏ စာဝတ်နေရေးနှင့် ကျန်မာရေး အကူအညီများ ဆက်လက်လိုအပ်လျှက်ရှိပြီး လာရှိူးမြို့နယ် မိုင်းတင်ကျေးရွာဘုန်းကြီးကျောင်း ၊ တာယော်ကျေးရွာဘုန်းကြီးကျောင်း ၊မတ်ခီနူကျေးရွာဘုန်းကြီးကျောင်းတို့တွင် စစ်ဘေးရှောင်ဒုက္ခသည်ဦးရေများပြားသည့်အတွက် စားသောက်ဖွယ်ရာ ရိက္ခာများ ပိုမိုလိုအပ်နေကြောင်း သိရှိရသည်။

Taifreedom

Facebook

သတင်း