RCSS မှ ဒေသခံပြည်သူများအား COVID-19 သံသယလူနာရှိမရှိ စစ်ဆေးပေးခြင်း ၊ ကြိုတင်ကာကွယ်နည်း အသိပညာဟောပြောပေးခြင်း

ပြီးခဲ့သည့် ၂၀၂၀ ခုနှစ် မေလ ၁၂ ရက်နေ့တွင် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS၏ ကျန်းမာရေးဝန်ထမ်းများ နှင့် အစိုးရကျန်းမာရေးဝန်ထမ်းများတို့ ပူးပေါင်းပြီး သျှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့နယ် မိုင်းခွန်ကျေးရွာအုပ်စုတွင်း နေထိုင်ကြသော ဒေသခံပြည်သူစုစုပေါင်း ၂၁၀ ဦးတိုအား အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ ကိုလိုနာဗိုင်းရပ်စ် COVID-19 သံသယလူနာရှိမရှိ စစ်ဆေးပေးခြင်း ၊ ကြိုတင်ကာကွယ်နည်း အသိပညာဟောပြောပေးခြင်း စသည့် ကျန်းမာရေး စောက်ရှောက်မှုများ ဆောင်ရွက်ပေးသည့်အပြင် မူးယစ်ဆေးဝါးနှင့် ပတ်သက်၍ အသိပညာဟောပြောပေးခဲ့ကြောင်း သတင်းရရှိသည်။

Taifreedom

Facebook

သတင်း