RCSS ဗဟိုဌာနချုပ် လွယ်တိုင်းလျဲန်း နှင့် ထိန်းချုပ်နယ်မြေများတွင် ကိုလိုနာဗိုင်းရပ်စ် COVID-19 စစ်ဆေး

သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS ဗဟိုဌာနချုပ်ဖြစ်သည့် လွယ်တိုင်းလျဲန်း နှင့် RCSS ထိန်းချုပ်နယ်မြေများတွင် ကိုလိုနာဗိုင်းရပ်စ် COVID-19 စစ်ဆေးခြင်းနှင့် ရောဂါကာကွယ်နည်း အသိပညာပေးခြင်း ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

သျှမ်းပြည်ပြန်လည်ထူ‌ထောင်ရေးကောင်စီ RCSS ကျန်းမာရေးဌာနမှ RCSS ၏ဗဟိုဌာနချုပ် လွယ်တိုင်းလျဲန်း ဝင်ဂိတ်တွင် ပြီးခဲ့သည့် ၂၀၂၀ ခုနှစ် မတ်လ ၁၃ ရက်နေ့မှစ၍ ၂၀၂၀ ခုနှစ် မတ်လ ၂၁ ရက်နေ့အထိ ဖြတ်သန်းသွားလာသူ စုစုပေါင်း (၁၃၈၄)ဦးအားကိုလိုနာဗိုင်းရပ်စ် COVID-19 စစ်ဆေးခြင်းနှင့် ရောဂါကာကွယ်နည်း အသိပညာပေးခြင်းများပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

၎င်းတို့အပြင် လွယ်တိုင်းလျဲန်းတွင် နေထိုင်ကြသော ပြည်သူလူထုများ နှင့် တပ်ဖွဲ့ဝင်များလည်း ကိုလိုနာဗိုင်းရပ်စ် COVID-19 စစ်ဆေးခြင်းနှင့် ရောဂါကာကွယ်နည်း အသိပညာပေးခြင်းများအား RCSS ဗဟိုဌာနချုပ် လွယ်တိုင်းလျဲန်းတွင်တည်ရှိသည့် ဆေးရုံတွင် ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

ပြီးခဲ့သည့် ၂၀၂၀ ခုနှစ် မတ်လ ၁၇ ရက်နေ့တွင်လည်း RCSS ကျန်းမာရေးဌာနမှ RCSS ထိန်းချုပ်ရာနယ်မြေတွင်းတွင်လည်း နယ်ခြားမှ ပြန်လာသည့် ပြည်သူများနှင့် ဒေသခံပြည်သူများအား အသိပညာပေးခြင်းများပြုလုပ်သည့်အပြင် သျှမ်းပြည်တောင်ပိုင်း လဲချားမြို့နယ်တွင် ပြုလုပ်ကျင်းပသည့် ရှင်ပြုပွဲတွင်လည်း  RCSS ကျန်းမာရေးဌာနမှ ကျန်းမာရေးဝန်ထမ်း ၂ ဦးဖြင့် ပွဲလာသည့် ဧည့်သည်များအား ဆေးပေးနိုင်ရန် ၊ ကိုလိုနာဗိုင်းရပ်စ် COVID-19 စစ်ဆေးခြင်းနှင့် ရောဂါကာကွယ်နည်း အသိပညာပေးနိုင်ရန် သွားရောက်စစ်ဆေးပေးခဲ့ကြောင်း သတင်းရရှိသည်။

Taifreedom

Facebook

သတင်း