RCSS နှင့် CRPH အလွတ်သဘောတွေ့ဆုံဆွေးနွေး

သျှမ်းပြည်ပြည်လည်ထူထောင်ရေး ကောင်စီ(RCSS) ကိုယ်စားလှယ် အဖွဲ့နှင့် ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ (Committee Representing Pyidaungsu Hluttaw – CRPH) ကိုယ်စားလှယ်အဖွဲ့တိုနှင့် အလွတ်သဘော တွေ့ဆုံဆွေးနွေးမှုအား Online Video Conferencing ဖြင့် တွေ့ဆုံခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါတွေ့ဆုံဆွေးနွေးပွဲအား ၂၀၂၁ခုနှစ်၊ မတ်လ (၉)ရက်နေ့၊ မွန်းလွဲပိုင်းတွင် ပြုလုပ်ကျင်းပခဲ့ပြီး RCSSမှ အတွင်းရေးမှူး (၂) ဗိုလ်မှူးကြီး စိုင်းငင်း၊ ဗဟိုကော်မတီဝင် ဒုတိယ ဗိုလ်မှူးကြီး စိုင်းဟန်၊ ဗဟိုကော်မတီဝင် စိုင်းလျဲန်းတို့ တက်ရောက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD CEC အဖွဲ့ဝင်များဖြစ်​သော ဦး​အောင်ကြည်ညွန့်၊ ဦးတင်ထွဋ်ဦးတို့နှင့်အတူ CRPH မှ ဦးလွင်ကိုလတ်၊ ဦးရည်မွန်၊ ဒေါ်ဇင်မာအောင်၊ စောယှား​ဖောင်ယွာတို့ တက်ရောက်ခဲ့ကြပါသည်။

အစည်းအဝေးတွင် လက်ရှိဖြစ်ပွားနေသည့် နိုင်ငံရေး အကျပ်အတည်းအခြေအနေများအပေါ် အမြင်ချင်းဖလှယ်ခဲ့ကြပြီး ဖြေရှင်းနိုင်မည့် နည်းလမ်းအမြင်များကို ဆွေးနွေးခြင်းနှင့် CRPHမှ လက်ရှိ ဆောင်ရွက်နေသည့် ၄င်းတို့၏ လုပ်ငန်းများကို ရှင်းလင်းဆွေးနွေးခြင်း စသည့်အကြောင်းအရင်းများဖြင့် ဆွေးနွေးခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

ထို့ပြင် RCSSမှလည်း စစ်အာဏာသိမ်းပြီးသည့်နောက် ၄င်းဆောင်ရွက်ခဲ့သည့် လုပ်ငန်းများကို ပြန်လည်ဆွေးနွေးခဲ့ကြောင်း သိရသည်။

Taifreedom

Facebook

သတင်း