RCSS ကျောပိုးအိပ်ကျန်းမာရေးဆေးလုပ်သားအဖွဲ့မှ မိုင်းခွန်ကျေးရွာအုပ်စု နှင့် ဟွေလုံကျေးရွာတွင် ဒေသခံလူထုတွေ့ဆုံ

RCSS ကျောပိုးအိပ်ကျန်းမာရေးဆေးလုပ်သားအဖွဲ့ (Backpack)မှ မိုင်းကိုင်မြို့နယ် မိုင်ခွန်ကျေးရွာအုပ်စုမှ ကျေးရွာများနှင့် ဟွေလုံကျေးရွာတို့တွင် ဒေသခံပြည်သူလူထု တွေ့ဆုံခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါတွေ့ဆုံမှုအား ၂၀၁၉ ခုနှစ် စက်တင်ဘာလ ၂၅ ရက်နေ့၌ ဟွေလုံကျေးရွာတွင် ပြုလုပ်ခဲ့ပြီး ကာကွယ်ဆေးနှင့် ကျန်းမာရေးအသိပညာဟောပြောခြင်း စသည့် ကျန်းမာရေးဆိုင်ရာလုပ်ငန်းများအား အတူတကွလုပ်ဆောင်နိုင်ရန်ဆိုသည့် ရည်ရွယ်ချက်ဖြင့် ဒေသခံလူထုနှင့် ပူပေါင်း၍ ကျန်မာရေးကော်မတီ ဖွဲ့စည်းနိုင်ခဲ့ပြီး ကော်မတီအဖွဲ့ဝင် ၆၄ ဦးရှိကြောင်း သိရသည်။

အလားတူစွာ ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် စက်တင်ဘာလ ၂၈ ရက်နေ့တွင် RCSS ကျောပိုးအိပ်ကျန်မာရေးဆေးလုပ်သားအဖွဲ့ (Backpack)မှ မိုင်းကိုင်မြို့နယ် မိုင်းခွန်ကျေးရွာအုပ်စုတွင်လည်း  ဒေသခံလူထုတွေ့ဆုံခဲ့ပြီ မိုင်းခွန်းကျေးရွာအုပ်စု၏အရှေ့ပိုင်းကျေးရွာ ၇ ရွာမှ ဒေသခံလူထုနှင့် ပူးပေါင်း၍ ကျန်းမာရေးဆိုင်ရာလုပ်ငန်းများ အတူတကွလုပ်ဆောင်နိုင်ရန် ဒေသတွင်းကျန်မာရေးကော်မတီ ဖွဲ့စည်းနိုင်ခဲ့ပြီး ကော်မတီအဖွဲ့ဝင် ၂၅ ဦးရှိကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် စက်တင်ဘာလ ၄ ရက်နေ့ နှင့် စက်တင်ဘာလ ၁၂ ရက်နေ့တွင်လည်း RCSS ကျောပိုးအိပ်ကျန်းမာရေးဆေးလုပ်သားအဖွဲ့ (Backpack) နှင့် ကွန်ဟိန်းမြို့နယ် Marie stopes international (MSI)တို့ ပူးပေါင်းပြီး ကွန်ဟိန်းမြို့နယ် ကျိုင်းခမ်းကျေးရွာအုပ်စုနှင့် မိုင်းကိုင်မြို့နယ် မိုင်းယွန်းကျေးရွာအုပ်စုတွင် ပြုလုပ်သည့် ပြည်သူလူထုတွေ့ဆုံပွဲတွင်လည်း ဒေသတွင်း ကျန်းမာ‌ရေးကော်မတီများဖွဲ့စည်းနိုင်ခဲ့ကြောင်း သိရသည်။

Taifreedom

Facebook

သတင်း