RCSS ကျန်းမာရေးဝန်ထမ်းများမှ လင်းခေးမြို့နယ်တွင် COVID-19 စစ်ဆေးပေး

ယနေ့ ၂၀၂၀ ခုနစ် ဧပြီလ ၁ ရက်နေ့တွင် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS ၏ ကျန်းမာရေးဝန်ထမ်းများ နှင့် ကျေးရွာဥက္ကဋ္ဌများတို့ ပူးပေါင်းပြီး သျှမ်းပြည်တောင်ပိုင်း လင်းခေးမြို့နယ် တွင်းရှိ ဟိုင်းကွေကျေးရွာအုပ်စု ၊ ဝမ်စစ်ကျေးရွာအုပ်စု နှင့် နောင်ကျေးရွာအုပ်စု လမ်းသွားလာနေသည့် ဒေသခံပြည်သူလူထုများအား အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ ကိုလိုနာဗိုင်းရပ်စ် COVID-19 သံသယလူနာ ရှိမရှိ စစ်ဆေးပေးခြင်း နှင့် ကြိုတင်ကာကွယ်နည်း အသိပညာဟောပြောပေးခြင်းများ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

Taifreedom

Facebook

သတင်း