RCSSမှ သျှမ်းပြည်တွင်း ဒေသခံပြည်သူများအား COVID-19 သံသယလူနာရှိမရှိ စစ်ဆေးခြင်း၊ကြိုတင်ကာကွယ်နည်း အသိပညာ ဟောပြောပေးခြင်း နှင့် ချင်းမိုင်ခရိုင် ‌ရွှေ့ပြောင်းအလုပ်သမားများအား စားသောက်ကုန်များ ဖြန်ဝေကူညီပေး

ပြီးခဲ့သည့် ၂၀၂၀ ခုနှစ် မတ်လ ၂၈ ရက်နေ့မှစ၍ ဧပြီလ ၂၆ ရက်နေ့အထိ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS၏ ကျန်းမာရေးဝန်ထမ်းများနှင့် အစိုးရကျန်းမာရေးဝန်ထမ်းများ ၊ ရပ်ရွာတာဝန်ရှိပုဂ္ဂိုလ်များတို့ ပူးပေါင်းပြီး သျှမ်းပြည်တွင်း မြို့အသီးသီးရှိ ကျေးရွာအုပ်စုများတွင် နေထိုင်ခဲ့ကြသော ဒေသခံပြည်သူစုစုပေါင်း ၅၃၈၀၈ ဦးတို့အား အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ ကိုလိုနာဗိုင်းရပ်စ် COVID-19 သံသယလူနာရှိမရှိ စစ်ဆေးခြင်းနှင့် ကြိုတင်ကာကွယ်နည်း အသိပညာ ဟောပြောပေးခြင်းတို့ ပြုလုပ်ပေးခဲ့ကြောင်း သတင်းရရှိသည်။

ထို့အပြင် ၂၀၂၀ ခုနှစ် ဧပြီလ ၂၁ ရက်နေ့မှစ၍ ဧပြီလ ၂၅ ရက်နေ့အထိ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS နှင့် သျှမ်းအမျိုးသားအဖွဲ့အစည်း (ချင်းမိုင်)တို့ ပူးပေါင်းပြီး ထိုင်းနိုင်ငံ ချင်းမိုင်ခရိုင်တွင်း နေထိုင်ကြသော ရွှေ့ပြောင်း အလုပ်သမား စုစုပေါင်း ၃၀၈ ဦးတို့အား ဆန်၊ပဲပုတ်၊ ဆား ၊ ဆီ နှင့် ဟင်းချိုမှုန့်စသည့် စားသောက်ကုန်များဖြင့် ဖြန့်ဝေကူညီပေးခဲ့ကြောင်း သတင်းရရှိသည်။

Taifreedom

Facebook

သတင်း