RCSSမှ သျှမ်းပြည်တောင်ပိုင်းတွင် COVID-19 သံသယလူနာရှိမရှိ စစ်ဆေးခြင်း၊ကြိုတင်ကာကွယ်နည်း အသိပညာ ဟောပြောပေးခြင်း

ပြီးခဲ့သည့် ၂၀၂၀ ခုနှစ် မတ်လ ၂၈ နေ့တွင် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS၏ ကျန်းမာရေးဝန်ထမ်းများ မှ သျှမ်းပြည်အရှေ့ပိုင်း မိုင်းတုံမြို့နယ် ပုံပါကျင်မြို့နယ်ခွဲ မိုင်းဟန်ကျေးရွာအုပ်စုတွင် ပိုးသတ်ဆေးများ ဖြန့်ပေးသည့်အပြင် RCSSကျန်းမာရေးဝန်ထမ်းများ နှင့် အစိုးရကျန်းမာရေးဝန်ထမ်းများတို့ ပူးပေါင်းပြီး သျှမ်းပြည်တောင်ပိုင်း လင်းခေးမြို့နယ်တွင်း နေထိုင်ခဲ့ကြသော ဒေသခံပြည်သူစုစုပေါင်း ၃၁၅ဦးတို့အား အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ ကိုလိုနာဗိုင်းရပ်စ် COVID-19 သံသယလူနာရှိမရှိ စစ်ဆေးခြင်းနှင့် ကြိုတင်ကာကွယ်နည်း အသိပညာ ဟောပြောပေးခြင်းတို့ ပြုလုပ်ပေးခဲ့ကြောင်း သတင်းရရှိသည်။

ထို့အပြင် ပြီးခဲ့သည့် ၂၀၂၀ ခုနှစ် ဧပြီလ ၂၉ ရက်နေ့တွင်လည်း သျှမ်းပြည်တောင်ပိုင်း လဲချားမြို့နယ် ၊ မိုင်းကိုင်မြို့နယ် ၊ ပင်လုံမြို့နယ် နှင့် လင်းခေးမြို့နယ်တွင် RCSS ကျန်းမာရေးဝန်ထမ်းများနှင့် အစိုးရကျန်းမာရေးဝန်ထမ်းများတို့ ပူးပေါင်းပြီး ဒေသခံပြည်သူစုစုပေါင်း ၉၆၀ ဦးတို့အား အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ ကိုလိုနာဗိုင်းရပ်စ် COVID-19 သံသယလူနာရှိမရှိ စစ်ဆေးခြင်းနှင့် ကြိုတင်ကာကွယ်နည်း အသိပညာ ဟောပြောပေးခြင်းတို့ ပြုလုပ်ပေးခဲ့ကြောင်း သတင်းရရှိသည်။

Taifreedom

Facebook

သတင်း