RCSSမှ ဒေသခံပြည်သူများအား COVID-19 သံသယလူနာရှိမရှိ စစ်ဆေးပေးခြင်း၊ကြိုတင်ကာကွယ်နည်း အသိပညာပေးခြင်း နှင့် ဆေးရုံများသို့ ဆေးဖက်သုံးပစ္စည်းကိရိယာများလှူဒါန်းပေးခြင်း

RCSS ကျန်းမာရေးဝန်ထမ်းများမှ သျှမ်းပြည်တွင်း မြို့နယ်အသီးသီးမှ ဒေသခံပြည်သူများအား COVID-19 သံသယလူနာရှိမရှိ စစ်ဆေးပေးခြင်း၊ကြိုတင်ကာကွယ်နည်း အသိပညာပေးခြင်းစသည့် လုပ်ငန်းများ ဆောင်ရွက်သည့် အပြင် ကျိုင်းတုံမြို့ရှိ RCSS ဆက်ဆံရေးရုံးမှ စေတနာရှင်ပြည်သူလူထုများလှူဒါန်းလာသည့် Hand Gel၊ နှာခေါင်းစည်း၊ PPE ဝတ်စုံ နှင့် ပိုးသတ်ဆေး စသည့်ဆေးဖက်သုံးပစ္စည်းကိရိယာများဖြင့် ဆေးရုံများသို့ သွားရောက်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။

ပြီးခဲ့သည့် ၂၀၂၀ ခုနှစ် ဧပြီလ ၂၇ ရက်နေ့တွင် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS၏ ကျန်းမာရေးဝန်ထမ်းများ ၊အစိုးရကျန်းမာရေးဝန်ထမ်းများ နှင့် ရပ်ရွာတာဝန်ရှိပုဂ္ဂိုလ်များတို့ ပူးပေါင်းပြီး သျှမ်းပြည်တောင်ပိုင်း လဲချားမြို့နယ်ရှိ ကျေးရွာအုပ်စုများတွင် နေထိုင်ကြသော ဒေသခံပြည်သူ စုစုပေါင်း ၆၉၁ ဦးနှင့် လင်းခေးမြို့နယ်ရှိ ကျေးရွာအုပ်စုများတွင် နေထိုင်ကြသော ဒေသခံပြည်သူစုစုပေါင်း ၁၉၂ ဦးတို့အား အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ ကိုလိုနာဗိုင်းရပ်စ် COVID-19 သံသယလူနာရှိမရှိစစ်ဆေးခြင်း နှင့် ကြိုတင်ကာကွယ်နည်းများ ဟောပြောပေးခြင်းများ ပြုလုပ်ပေးခဲ့သည့်အပြင် နှာခေါင်းစည်း (MASK)များ ဖြန့်ဝေပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ငြိမ်းချမ်းရေးဖော်ဆောင်ရေးကော်မတီ (PMC)မှ ကျိုင်းတုံမြို့ရှိ RCSS ဆက်ဆံရေးရုံးသို့ ပို့ဆောင်ပေးသည့် Hand Gel၊ နှာခေါင်းစည်း၊ PPE ဝတ်စုံ နှင့် ပိုးသတ်ဆေး စသည့်ဆေးဖက်သုံးပစ္စည်းကိရိယာများအား ကျိုင်းတုံမြို့ RCSS ဆက်ဆံရေးရုံ ညွန်ကြားရေးမှူ ဒုတိယဗိုလ်မှူကြီး စိုင်းစိုးမိဏ်းမှ မိုင်းခတ်မြို့နယ် နှင့် မိုင်းယန်းမြို့နယ် ပြည်သူ့ဆေးရုံသို့ သွားရောက်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။

ပြီးခဲ့သည့် ၂၀၂၀ ခုနှစ် ဧပြီလအတွင်း သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ငြိမ်းချမ်းရေးဖော်ဆောင်ရေးကော်မတီ (PMC) မှ ကိုယ်စားလှယ် ဗိုလ်ကြီး စိုင်းခမ်းဆေး ဦးဆောင်ပြီး စေတနာရှင်ပြည်သူလူထုများမှ လှူဒါန်းလာသည့် Hand Gel၊ နှာခေါင်းစည်း၊ PPE ဝတ်စုံ နှင့် ပိုးသတ်ဆေး စသည့်ဆေးဖက်သုံးပစ္စည်းကိရိယာများအား မိုင်းပွန်၊ လွိုင်လင်၊ ပင်လုံ၊ နမ့်စန်၊ ခိုလမ်၊ မိုင်းနောင်၊ ဝမ်စိမ်း၊ မိုင်းရှုး၊ ကျေးသီး၊ မိုင်းကိုင်၊ လဲချား၊ လင်းခေး၊ မိုင်းပန်၊ မိုင်းတုံ ၊ ကာလိ နှင့် ကွန်ဟိန်း စသည့်မြို့များတွင် သွားရောက်လှူဒါန်းခဲ့ပြီးဖြစ်သည်။

Taifreedom

Facebook

သတင်း