RCSSပညာ‌ရေးကော်မတီမှ ၂၀၁၉-၂၀၂၀ ပညာနှစ် ကျောင်းဖွင့်ပွဲအခမ်းအနား ကျင်းပ

RCSSဌာနချုပ်ဖြစ်သည့် လွိုင်တိုင်းလျန်းရှိ အမျိုးသားကျောင်းတွင် RCSS၏ပညာ‌ရေးကော်မတီမှ ကြီးမှူးပြီး ၂၀၁၉-၂၀၂၀ ပညာနှစ် ကျောင်းဖွင့်ပွဲအခမ်းအနားအား ပြီးမြောက်အောင်မြင်စွာ ကျင်းပခဲ့ကြောင်း သိရသည်။

၂၀၁၉-၂၀၂၀ ပညာနှစ် ကျောင်းဖွင့်ပွဲအခမ်းအနားအား ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် ဇွန်လ ၆ ရက်နေ့ နံနက် ၉ နာရီခန့်၌  RCSSဌာနချုပ်ဖြစ်သည့် လွိုင်တိုင်းလျန်းရှိ အမျိုးသားကျောင်းတွင်ကျင်းပခဲ့ပြီး ကျောင်းဆရာ/ဆရာမများ ၊ ကျောင်းသား ကျောင်းသူများ နှင့် ကျောင်းသားကျောင်းသူ၏ အုပ်ထိန်းသူများ စုပေါင်း ၆၅၅ ဦးတက်ရောက်ကြောင်းသိရသည်။

အဆိုပါ၂၀၁၉-၂၀၂၀ ပညာနှစ် ကျောင်းဖွင့်ပွဲအခမ်းအနားတွင် အလယ်တန်းပြ ကျောင်းဆရာ သုမန မှ     ၁ – ကျောင်းတက်ရ ခြင်းအကြောင်း၊ ၂ – အသက်မွေးဝမ်းကြောင်းဖွံ့ဖြိုးတိုးတက်ရေးအကြောင်း၊ ၃- ကျောင်းသား/သူ၏ မိဘများသည် ကျောင်းသား/သူ၏ ပညာရေးအ‌ပေါ်ဘယ်လိုအရေးကြီးကြောင်း ဆိုသည့် အချက် ၃ ချက်ဖြင့် မိန့်ခွန်းပြောကြားပြီး၊ တာဝန်ရှိသူတစ်ဦးမှ ကျောင်း၏စည်းကမ်း၊ ကျောင်းသား/သူ၏စည်းကမ်းနှင့် ကျောင်းသား/သူတစ်ဦး၏ အမှတ်ပေးပုံပေးနည်းအား တက်ရောက်လာကြသည့် ဧည့်ပရိသတ်အား ရှင်းလင်းတင်ပြပေးကာ ၂၀၁၉-၂၀၂၀ပညာနှစ် ကျောင်းဖွင့်ပွဲအခမ်းအနားအား နံနက် ၁၀နာရီ ၁၅ မိနစ်အချိန်တွင် အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ခဲ့ကြောင်း သတင်းရရှိသည်။

Facebook

သတင်း