PPST ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ် တက်ရောက်

၂၀၂၀ ခုနှစ် သြဂုတ်လ ၁၀ ရက်နေ့တွင် ပြုလုပ်ကျင်းပသည့် တစ်နိုင်ငံလုံးအပစ်ခတ်ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားသော တိုင်းရင်းသာလက်နက်ကိုင်အဖွဲ့အစည်းများ (NCA-S EAO) ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဥ်ဦးဆောင်အဖွဲ့ (PPST) လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS ဥက္ကဋ္ဌ  ၊ PPST ယာယီအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ယွက်စစ် တက်ရောက်ခဲ့ကြောင်း သိရှိရသည်။

အစည်းအဝေးအား နေပြည်တော်တွင် ပြုလုပ်ကျင်းပပြီး RCSS ဥက္ကဋ္ဌ  ၊ PPST ယာယီအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ယွက်စစ် ၊ PPST အဖွဲ့ဝင်များဖြစ်သည့် ဗိုလ်မှူးကြီး ခွန်ဥက္ကာ၊ ပူးဇင်ကျုံး၊ ရဲဘော် သံခဲ၊ ဗိုလ်ချုပ်ကြီး စောမိုရှေး၊ ဒေါက်တာ နော်ကပေါ်ထူး၊ ပဒိုစောတာဒိုမူး၊ နိုင်အောင်မင်း၊ ကျာခွန်ဆာ၊ စောမြရာဇာလင်း (ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ဒုတိယဥက္ကဌ ခိုင်စိုးနိုင်အောင် ကိုယ်စား) တက်ရောက်ခဲ့ပြီး မွန်ပြည်သစ်ပါတီ ဥက္ကဌ နိုင်ဟံသာနှင့် PPST အကြံပေးပုဂ္ဂိုလ်အဖြစ် စ၀်ခွန်းဆိုင် လည်း အစည်းအဝေးသို့ တက်ရောက်ခဲ့ကြောင်း သိရှိရသည်။

ထို့အပြင် NCA အကောင်အထည်ဖော်မှုဆိုင်ရာ မူဘောင်ညှိနှိုင်းရေးအဖွဲ့ အဖွဲ့ ခေါင်းဆောင် ဗိုလ်မှူးကြီး စိုင်းငင်း၊ အဖွဲ့၀င်များဖြစ်သည့် ရဲဘော် မျိုး၀င်း၊ ရဲဘော် လှဌေး၊ ဒေါက်တာလျန်မှုန်းဆာခေါင်း၊ ဗိုလ်မှူးကြီး စောစိန်၀င်း၊ ပဒိုစောအယ်ကလူစေး၊ ဗိုလ်မှူးကြီး စောကျော်ညွန့်၊ ဗိုလ်မှူးကြီး ဆော်လမွန်၊ နိုင်အောင်မငေး၊ ခွန်မြင့်ထွန်းနှင့် ဒေါက်တာ စိုင်းဦး ၊ အပစ်အခတ်ရပ်စဲမှုခိုင်မာရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့မှ Coordinator စိုင်းလျန်း တက်ရောင်သည့်အပြင် အကျိုးဆောင်များအဖြစ် ငြိမ်းချမ်းရေးလုပ်ငန်းစဥ် လုပ်ငန်းအဖွဲ့ အဖွဲ့ခေါင်းဆောင် ဆလိုင်းထလာဟေးနှင့် Coordinator နန်းယဥ်ယဥ်စိုး နှင့် နည်းပညာဆိုင်ရာ အကြံပေးများဖြစ်သည့် ဂျာနန်လထော်နှင့် ဒေါက်တာ စောသန့်ဇင်တို့ တက်ရောင်ခဲ့ကြောင်း သိရှိရသည်။

အစည်းအ၀ေး သဘာပတိ အဖြစ် RCSS ဥက္ကဋ္ဌ  ၊  PPST ယာယီအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ယွက်စစ် က အစည်းအ၀ေး နှုတ်ခွန်းဆက်အမှာစကား ပြောကြားပြီးနောက် အစည်းအဝေးအား အစီအစဥ်အတိုင်းပြုလုပ်ကျင်းပသွားခဲ့ကြောင်း သိရှိရသည်။

ယနေ့ ၂၀၂၀ ခုနှစ် သြဂုတ်လ ၁၁ ရက်နေ့သည် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် အကောင်အထည်ဖော်မှုဆိုင်ရာညှိနှိုင်းအစည်းအဝေး၏ ဒုတိယမြောက်နေ့ နေပြည်တော်ရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) ကျင်းပနေလျက်ရှိပြီး NCA-S EAO ညှိနှိုင်းရေးအဖွဲ့များ ၊ အစိုးရကိုယ်စားလှယ်များ နှင့် တပ်မတော်ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြောင်း သိရှိရသည်။

Taifreedom

Facebook

သတင်း