NCA-S EAO ငြိမ်းချမ်းရေးလုပ်ငန်းစဥ်ဦးဆောင်အဖွဲ့(PPST)၏လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား နေပြည်တော်တွင်ကျင်းပ

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA)လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ(NCA-S EAO)မှ ငြိမ်းချမ်းရေးလုပ်ငန်းစဥ်ဦးဆောင်အဖွဲ့(PPST)၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား ယနေ့ ၂၀၂၀ ခုနှစ် သြဂုတ်လ ၁၈ ရက်နေ့၌ နေပြည်တော်တွင် ပြုလုပ်ကျင်းပခဲ့ကြောင်း သတင်းရရှိသည်။

လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား အစည်းအဝေးအစီအစဥ်အရ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS ဥက္ကဋ္ဌ (PPST) ယာယီအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ယွက်စစ်မှ သြဂုတ်လ ၁၉ ၊ ၂၀ ၊ ၂၁ ရက်နေ့တွင် ပြုလုပ်ကျင်းပမည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစု ပင်လုံစတုတ္ထအစည်းအဝေးသည် အားလုံးအတွက် အရေးကြီးသောညီလာခံဖြစ်သောကြောင့် ညီလာခံ အောင်မြင်စွာကျင်းပနိုင်ရန်အတွက် မိမိတို့ NCA-S EAO အနေဖြင့် အစွမ်းကုန်ကြိုးပမ်း ပူးပေါင်းဆောင်ရွက်ရမည်ဖြစ်ကြောင်း နှင့် ညီလာခံကျင်းပနိုင်ရန်အတွက် လိုအပ်သည့် ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း ၃ ရရှိလာအောင် အချိန်ကာလ ၈ လ နီးပါး ညှိနှိုင်းဆွေးနွေးပေးခဲ့ကြသည့် မိမိတို့၏ NCA-S EAO ညှိနှိုင်းရေးအဖွဲ့အား အထူးကျေးဇူးတင်ကြောင်း အဖွင့်အမှာစကားတွင် ပြောကြားခဲ့ပါသည်။

(PPST)၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ၂၀၂၀ ခုနှစ် သြဂုတ်လ ၁၉ ၊ ၂၀ ၊ ၂၁ ရက်နေ့တွင် ပြုလုပ်ကျင်းပမည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစု ပင်လုံအစည်းအဝေး ဆိုင်ရာကိစ္စရပ်များအား အဓိကထား၍ ဆွေးနွေးသွားမည်ဖြစ်ပြီး ရှေ့ဆက်ငြိမ်းချမ်းရေးလုပ်ငန်းစဥ်များနှင့် မပြီးပြတ်သေးသည့် NCA-S EAO၏ ဒုတိယပိုင်း ထိပ်သီးအစည်းအဝေး ဆက်လက်ကျင်းပနိုင်ရေး စသည့် ကိစ္စရပ်များ ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

Taifreedom

Facebook

သတင်း