NCA လက်မှတ်ထိုးတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ PPST အစည်းအဝေးကျင်းပ

NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ PPST အစည်းအဝေး (၂၀/၂၀၂၁)ကို ယနေ့ ၂၀၂၁ ခုနှစ် အောက်တိုဘာလ ၁၂ ရက်နေ့ နံနက် ၉ နာရီအချိန်မှစတင်ကာ Video Confrerncing အွန်လိုင်းဖြင့် ကျင်းပလျက်ရှိသည်။

အစည်းအဝေးသို့ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် NCA လက်မှတ်ရေးထိုးသားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ကိုယ်စားလှယ်များ တက်‌ရောက်ခဲ့ကြပြီး သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS ဘက်မှ ဗိုလ်ချုပ် ဘောင်ခေး၊ ဗိုလ်မှူးကြီး စိုင်းငင်း၊ ဒုတိယ ဗိုလ်မှူးကြီး စိုင်းဟန်၊ စိုင်းလျဲန်း၊ ဒေါက်တာစိုင်းဦး နှင့် စိုင်းစွမ်ခေးတို့ တက်ရောက်ခဲ့ကြောင်း သိရှိရသည်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ခေါင်းဆောင် နိုင်အောင်မင်း (မွန်ပြည်သစ်ပါတီ) မှ အဖွင့်မိန့်ခွန်းပြောကြားခဲ့သည်။

အဖွင့်မိန့်ခွန်းတွင် လက်ရှိနိုင်ငံရေးအကျပ်အတည်းများကို ဖြေရှင်းနိုင်ဖို့ မြန်မာနိုင်ငံတွင် ရောက်ရှိနေသည့် အာဆီယံအထူးကိုယ်စားလှယ်နှင့် လက်တွဲပူးပေါင်းသွားမည်ဖြစ်ကြောင်း ပါရှိသည်။

NCA လက်မှတ်ထိုးတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ PPST အစည်းအဝေးကျင်းပ

ထို့ပြင် တပ်မတော်က ထုတ်ပြန်သည့် (၅) လတာ အပစ်ရပ်ခြင်းနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် (၃) ရပ်နဲ့ ပတ်သက်လို့လည်း ယခုအစည်းအဝေးတွင် အမြင်ချင်းဖလှယ် ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။

လာမည့် အောက်တိုဘာလ (၁၅) ရက်နေ့တွင် NCA လက်မှတ်‌ရေးထိုးခြင်း (၆) နှစ်ပြည့် အခမ်းအနား ကျင်းပဖို့ သင့်၊မသင့်ကိုလည်း ထည့်သွင်းဆွေးနွေးဆုံးဖြတ်သွားမည်ဟု မိန့်ခွန်းတွင် ထည့်သွင်းပြောကြားထားသည်။

PPST အစည်းအဝေးကို မနက်ဖြန် အောက်တိုဘာလ (၁၃) ရက်နေ့အထိ ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

တစ်နိုင်ငံလုံးအပစ်ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ  NCA-S EAO အဖွဲ့ဝင် ၁၀ ဖွဲ့မှာ ကရင် အမျိုးသား အစည်းအရုံး(KNU) ၊ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) ၊ ပအိုဝ်း အမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ်(PNLO) ၊ ချင်း အမျိုးသား တပ်ဦး(CNF) ၊ မြန်မာ နိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF) ၊ ရခိုင်ပြည် လွတ်မြောက်ရေး ပါတီ (ALP) ၊ ဒီမိုကရေစီ အကျိုးပြု ကရင့် တပ်မတော်(DKBA) ၊ ကရင်ငြိမ်းချမ်းရေး ကောင်စီ (KNU/KNLA-PC) ၊ မွန်ပြည်သစ်ပါတီ(NMSP) နှင့် လားဟူ ဒီမိုကရက်တစ် အစည်းအရုံး(LDU) တို့ဖြစ်သည်။

NCA လက်မှတ်ထိုးတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ PPST အစည်းအဝေးကျင်းပ NCA လက်မှတ်ထိုးတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ PPST အစည်းအဝေးကျင်းပ

Taifreedom

Facebook

သတင်း