KIA/KIO မှ ပန်ဆိုင်းမြို့နယ်တွင်းရှိ ရပ်ကွက်နှင့် ကျေးရွာများအား ဆက်ကြေးခွန်ကောက်ခံ

သျှမ်းပြည်မြောက်ပိုင်း ပန်ဆိုင်းမြို့နယ် ခါးလျန်‌ကျေးရွာတွင် KIA/KIO မှ ပန်းဆိုင်းမြို့နယ်တွင်း ရပ်ကွက်ဥက္ကဋ္ဌများ နှင့် ကျေးရွာဥက္ကဋ္ဌများအား  ဖိတ်ခေါ်၍ ဆက်ကြေးခွန်ကောက်ခံမည့် ကိစ္စနှင့် ပတ်သက်ပြီး အစည်းအဝေးပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါအစည်းအဝေးအား ၂၀၁၉ ခုနှစ် စက်တင်ဘာလ ၂၀ ရက်နေ့ နံနက် ၁၀ နာရီခန့် ပန်ဆိုင်းမြို့ ၅ မိုင်ခန့်အကွာတည်ရှိသည့် ခါးလျန်‌ကျေးရွာတွင် ပြုလုပ်ခဲ့ပြီး KIA/KIO၏တာဝန်ရှိတစ်ဦးမှ ပန်ဆိုင်းမြို့နယ်တွင်းရှိ ရပ်ကွက်များနှင့် ကျေးရွာများသည် KIA/KIO ထံဆက်ကြေးခွန်ဆောင်ရမှာဖြစ်ပြီး တစ်အိမ်လျှင် ဆန်(ဆာလာအိပ်) ၁ အိပ် နှင့် ဆား ၁ ပိဿာ (သို့မဟုတ်) ငွေဖြင့် ပေးချေမည်ဆိုလျှင် တစ်အိမ် ၃၃၀၀၀ ကျပ်ပေးဆောင်ရမည်ဟု ပြောဆိုမှာကြားခဲ့ကြောင်း သိရသည်။

ဒါအပြင် ၎င်းမှဆက်လက်၍ KIA/KIO သည် ကချင်းတိုင်းရင်းသားတာ ကာကွယ်စောက်ရှောက်သည့် အဖွဲ့အစည်းမဟုတ်ပဲ ကျန်ရှိတိုင်းရင်းသားများလည်း ကာကွယ်စောက်ရှောက်မည့် အဖွဲ့အစည်းဖြစ်‌ကြောင်း ၊ သျှမ်းပြည်ထဲတွင် လာရောက်လှုပ်ရှားသည်မှာ သျှမ်းတိုင်းရင်းသားများ၏ ပစ္စည်းဥစ္စာများ လာရောက်လုယူခြင်းမဟုတ်ကြောင်း နှင့် အခြားအဖွဲ့အစည်းမှ ဆက်ကြေးခွန်ကောက်ခံခြင်းကိစ္စသည် အခြားအဖွဲ့အစည်းအတွက်သာဖြစ်ပြီး KIA/KIO မှ ဆက်ကြေးခွန်တောင်းလာရင်လဲ KIA/KIO ထံဆက်ကြေးဆောင်ရမည်ဖြစ်ကြောင်း ပြောဆိုခဲ့ပါသည်။

၎င်းဆက်ကြေးကောက်ခံသည့် ကိစ္စနှင့် ပတ်သက်ပြီး ပြီးခဲ့သည့် ၁ လ ခန့်အကြာတွင်လည်း ပန်ဆိုင်းမြို့နယ်တွင်း စျေးဆိုင်ဖွင့်ထားသည့် ဆိုင်ရှင်များသည်  စျေးဆိုင်တစ်ဆိုင်လျှင် ၁၅၀၀၀၀ ကျပ်ဖြင့် KIA/KIO ထံသို့ ဆက်ကြေးခွန်ပေးဆောင်ခဲ့ရကြောင်း ဒေသခံတစ်ဦး၏ သတင်းပေးပို့ချက်အရ သိရသည်။

Taifreedom

Facebook

သတင်း