COVID 19 ရောဂါကူးစက်ခံရသူ ၆ ဦးထပ်မံတွေ့ရှိ

ပြည်ထောင်စုမြန်မာနိုင်ငံတွင် COVID 19 ရောဂါကူးစက်ခံရသူ ၆ ဦးထပ်မံတွေ့ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ချက်အရ သိရှိရသည်။

တောင်ဥက္ကလာပအထူးကုဆေးရုံကြီးတွင် အသွားအလာ ကန့်သတ်ထားရှိသည့် သာကေတမြို့နယ်နေ အသက် ၂၈ နှစ် အရွယ် အမျိုးသားတစ်ဦးနှင့် အင်းစိန်မြို့နယ် အသက် ၁၈ နှစ်အရွယ် အမျိုးသမီးတို့မှာ ဓါတ်ခွဲအတည်ပြုလူနာ အမှတ် ၈၄ နှင့် လူနာအမှတ် ၁၀၈ တို့နှင့် ထိတွေ့မှုရှိပြီး ဓါတ်ခွဲစစ်ဆေးမှုအရ COVID 19 ရောဂါပိုးတွေ့ရှိရကြောင်း ပြီးခဲ့သည့် ၂၀၂၀ ခုနှစ် ဧပြီလ ၂၂ ရက်နေ့ ည ၈ နာရီတွင် ပါရှိသည်။

ထိုအပြင် ယနေ့ ၂၀၂၀ ခုနှစ် ဧပြီလ ၂၃ ရက်နေ့ နံနက် ၇ နာရီခန့်၌ တောင်ဥက္ကလာပအထူးကုဆေးရုံကြီးတွင် အသွားအလာ ကန့်သတ်ထားသူများမှ ဓါတ်ခွဲစစ်ဆေးမှုအရ COVID 19 ရောဂါပိုးတွေ့ရှိသူ ၄ ဦးထပ်မံတွေ့ရှိပြီး ၎င်းတို့မှာ ဓါတ်ခွဲအတည်ပြုလူနာများနှင့် ထိတွေ့မှုရှိကြောင်း ၎င်းတို့အား သက်ဆိုင်ရာဆေးရုံများသို့ လွှဲပြောင်း၍ ဆေးကုသပေးသွားမည်ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ကြောညာချက်တွင် ပါရှိသည်။

ယခုလက်ရှိပြည်ထောင်စု မြန်မာနိုင်ငံတွင် COVID 19 ရောဂါပိုးကူးစက်ခံရသူဟု ဓါတ်ခွဲအတည်ပြုလူနာ ၁၂၇ ဦးရှိပြီး လူနာ ၅ ဦးသေဆုံးကာ ဓါတ်ခွဲစစ်ဆေးမှုအရ ရောဂါပိုးကင်းစင်သူ ၉ ဦးရှိကြောင်း သိရှိရသည်။

Taifreedom

Facebook

သတင်း