COVID-19 ကူးစက်ခံရသူ ၁ ဦးထပ်မံတွေ့ရှိ

ရန်ကုန်မြို့ရှိ အမျိုးသားကျန်းမာရေးဓါတ်ခွဲမှုဆိုင်ရာဌာနမှ စောင့်ကြည့်လူနာများနှင့် အသွားအလာကန့်သတ်ထားသူများအား ဓါတ်ခွဲနမူနာစစ်ဆေးမှုအရ ရန်ကုန်တိုင်းဒေသကြီး အင်းစိန်ပြည်သူ့ဆေးရုံကြီးတွင် စောင့်ကြည့်လူနာအဖြစ် ဆေးကုသမှုခံယူနေသည့် အသက် ၂၅ နှစ်အရွယ် အမျိုးသမီးမှာ COVID-19 ရောဂါပိုးတွေ့ရှိခဲ့ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ယနေ့ ၂၀၂၀ ခုနှစ် မေလ ၁ ရက်နေ့ နံနက် ၇ နာရီတွင် ထုန်ပြန်ခဲ့ပါသည်။

ထို့အပြင် ရန်ကုန်မြို့ရှိ ဝေဘာဂီအထူးကုဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေသည့် တောင်ဥက္ကလာပမြို့နယ်နေ အသက် ၅၁ နှစ်အရွယ်အမျိုးသမီးအား (ဓါတ်ခွဲအတည်ပြုလူနာအမှတ် ၂၂ ) ဓါတ်ခွဲနမူနာ ၂ ကြိမ်ဆက်တိုက် စစ်ဆေးရာ ရောဂါပိုးကင်းစင်ကြောင်း တွေ့ရှိရသည်ဟု ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ပြီးခဲ့သည့် ၂၀၂၀ ခုနှစ် ဧပြီလ ၃၀ ရက်နေ့တွင်ထုတ်ပြန်ခဲ့ပါသည်။

ပြည်ထောင်စုမြန်မာနိုင်ငံတွင် VOVID-19 ကူးစက်ခံရသူဟု ဓါတ်ခွဲအတည်ပြုလူနာ ၁၅၁ ဦးရှိပြီး လူနာ ၆ ဦးသေဆုံးကာ ရောဂါကင်းစင်သူ ၂၈ ဦးရှိပြီ ၁၇ ဦးမှာ ဆေးရုံမှ ဆင်းခွင့်ရရှိပြီဖြစ်ကြောင်း သိရှိရသည်။

Taifreedom

Facebook

သတင်း