TNLA တပ်ဖွဲ့က အမျိုးသမီးတစ်ဦးကို ရိုက်နှက်ကာ ငွေသားများယူဆောင်သွား

တအာင်းပလောင်လွတ်မြောက်ရေးတပ်မတော် TNLA  တပ်ဖွဲ့က အမျိုးသမီးတစ်ဦးကို ရိုက်နှက်ပြီး အိမ်တွင်းမွှေနှောက်ရှာဖွေကာ ငွေသား ၅၃၀,၀၀၀ ကျပ်ယူဆောင်သွားကြောင်း သိရသည်။

ဖြစ်စဉ်မှာ ယခု ၂၀၂၁ ခုနှစ် အောက်တိုဘာလအတွင်း၌ သျှမ်းပြည်မြောက်ပိုင်းရှိ လုံခြုံရေးအရ အမည်မဖော်လိုသည့် ကျေးရွာတစ်ရွာတွင် TNLA တပ်ဖွဲ့က ယူနီဖောင်းစစ်ဝတ်စုံအပြည့်ဖြင့် စစ်ဖိနပ်မချွတ်ဘဲ နေအိမ်တစ်အိမ်တွင်းသို့ မွှေနှောက်ကာ ရှာဖွေသည့်အပြင် အမျိုးသမီးတစ်ဦးကို ရိုက်နှက်ပြီး အိမ်တွင်းရှိ ငွေသား ၅၃၀,၀၀၀ ကျပ် လုယက်ယူဆောင်သွားကြောင်း သိရသည်။

TNLA တပ်ဖွဲ့က အမျိုးသမီးတစ်ဦးကို ရိုက်နှက်ကာ ငွေသားများယူဆောင်သွား

TNLA တပ်ဖွဲ့၏ မွှေနှောက်ရှာဖွေမှုကြောင့် နေအိမ်တွင်း ပစ္စည်းများ ပြန့်ကျဲနေပြီး မည်သည့်အကြောင်းရင်းကြောင့် ရှာဖွေသည်ကို မသိရှိရသေးပေ။

အမည်မဖော်လိုသူ ဒေသခံတစ်ဦးက – TNLA တပ်ဖွဲ့က အခုတစ်လော ရွာထဲမြို့ထဲ မွှေနှောက်ရှာဖွေတာ တပ်မ‌တော်ထက်တောင်ဆိုးသွားပြီ၊ ပြည်သူကို ရန်သူလိုသဘောထားပြီး အိမ်ထဲမွှေနှောက်တယ်၊ ရိုက်နှက်တယ်၊ ပစ္စည်းတွေ လုယက်ယူသွားတယ်၊ ဒါမျိုးမလုပ်သင့်ဘူးဟု ပြောသည်။

အောက်တိုဘာလ ၁ ရက်နေ့ကလည်း သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲခရိုင် ကျောက်မဲမြို့နယ် ပန်လင်ကျေးရွာအုပ်စု ပန်လင်ကျေးရွာနေ အပြစ်မဲ့ဒေသခံ အမျိုးသား ၆ ဉီး အမျိုးသမီး ၄ ဦး စုစုပေါင်း ၁၀ ဦးကို TNLA တပ်ဖွဲ့က ဖမ်းဆီးသွားကြောင်း သိရသည်။

TNLA တပ်ဖွဲ့က အမျိုးသမီးတစ်ဦးကို ရိုက်နှက်ကာ ငွေသားများယူဆောင်သွား

Taifreedom

Facebook

သတင်း