၃၄ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေး ယနေ့စတင်ကျင်းပ

(၃၄) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ယနေ့ ၂၀၁၉ ခုနှစ် ဇွန်လ ၂၀ ရက်နေ့မှာ စတင်ကျင်းပကြောင်း သတင်းရရှိသည်။

ထိုအစည်းအဝေးသို့  နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်‌ ‌ဒေါ်အောင်ဆန်းစုကြည်လည်း တက်ရောက်ခဲ့ကြောင်း သိရသည်။

အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ ထိုင်းနိုင်ငံမှ ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး ပရာယုဒ်ချန်အိုချား၏ ဖိတ်ကြားချက်ဖြင့် တက်ရောက်ခြင်းဖြစ်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

(၃၄) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးကို ဇွန်လ ၂၀ ရက်နေ့မှ ၂၃ ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ပြီး အာဆီယံဒေသတွင်း ဆိုင်ရာ နိုင်ငံရေး ၊ စီးပွားရေးအပါအဝင် အာဆီယံလူမှု အသိုက်အဝန်း ကိစ္စရပ်များကိုပါ ဆွေးနွေးကြမည်ဖြစ်သည်။

အဆိုပါ အစည်းအဝေးကို ၂၀၁၉ ခုနှစ်၏ အာဆီယံအလှည့်ကျဥက္ကဋ္ဌဖြစ်သည့် ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ကျင်းပနေကြောင်း သတင်းရရှိသည်။


Facebook

သတင်း