အစိုးရတပ်မ‌တော်မှ ၎င်းတို့၏စားရိက္ခာပို့ဆောင်ရန် ဒေသခံမော်တော်ယာဥ်များအား ချောဆွဲ

သျှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့နယ်တွင် တပ်မ‌တော်တပ်ဖွဲ့၏ ရိက္ခာပို့ဆောင်ရန်အတွက်ဟုဆိုကာ ဟိုခဲကျေးရွာအုပ်စု ဒေသခံရွာသားများ၏ မော်တော်ယာဥ်များအား ချောဆွဲခဲ့သည်ဟု  သတင်းရရှိသည်။

ဖြစ်စဥ်မှာ ပြီးခဲ့သည့် ၂၀၂၀ ခုနှစ် ဧပြီလ ၅ ရက်နေ့ နံနက် ၅ နာရီခန့်တွင် အစိုးရတပ်မတော် အင်းအား ၄၀ ခန့်သည် မော်တော်ကား ၄ စီးနှင့် ကားကြီး ၁ စီးဖြင့် သျှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့နယ်မှ မိုင်းကိုင်မြို့နယ် ဟိုခဲကျေးရွာအုပ်စု လုံစံကျေးရွာသို့ရောက်ရှိပြီးနောက် ၎င်းတို့၏ စားနပ်ရိက္ခာအား လွယ်တောင်းတောင်ပေါ်တွင် တပ်စခန်းချထားသည့် တပ်မတော်တပ်ဖွဲ့ထံ ဆက်လက်ပို့ဆောင်နိုင်ရန် အတွက် ဒေသခံများ၏ ထော်လကျီ ၆ စီးအား ချောဆွဲကာ စားနပ်ရိက္ခာပို့ဆောင်ခိုင်းသည်ဟု ဒေသခံပြည်သူတစ်ဦး၏ သတင်းပေးပို့ချက်အရ သိရှိရသည်။

လုံစုံကျေးရွာဒေသခံရွာသူရွာသား၏ မော်တော်ယာဥ်များ ချောဆွဲသည့် တပ်မတော်တပ်ဖွဲ့ဝင်သည် မိုင်းပန်မြို့နယ်ရှိ အမှတ် ၁၇ စစ်ဆင်ရေးကွက်ကဲမှုဌာနချုပ် (စကခ-၁၇)၊ အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် (ရလခ)၏ လက်အောက်ခံတပ်သားများဖြစ်ကြောင်း သိရှိရသည်။

Taifreedom

Facebook

သတင်း