အစိုးရတပ်မ‌တော်တပ်ဖွဲ့မှ စားနပ်ရိက္ခာတင်ဆောင်ရန် ဒေသခံကားများအား ချောဆွဲ

သျှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့နယ် လွိုင်တောင်းတောင်ပေါ်တွင် တပ်စခန်းချထားသည့် တပ်မတော်တပ်ဖွဲ့မှ စားနပ်ရိက္ခာ တင်ဆောင်ရန်အတွက် ဒေသခံရွာသားများ၏ ကားများအား ချောဆွဲခဲ့သည်ဟု သတင်းရရှိသည်။

ပြီးခဲ့သည့် ၂၀၂၀ ခုနှစ် မေလ ၁၄ ရက်နေ့တွင် လွိုင်တောင်းတောင်ပေါ်တွင် တပ်စခန်းချထားသည့် အစိုးရတပ်မတော်တပ်ဖွဲ့ အင်းအား ၅၀ ခန့်မှ သျှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့နယ် ဟိုခဲကျေးရွာအုပ်စု လုံစံကျေးရွာ ဒေသခံရွာသားဖြစ်သည့် လုံးနန္ဒာ ၊ လုံးရာမ နှင့် လုံးစိင်းတို့၏ ကား ၃ စီးအား လုံစံကျေးရွာမှ ဟမ်းငိုင်းကျေးရွာသို့ စားနပ်ရိက္ခာ သွားရောက်တင်ဆောင်ပြီးနောက် လွိုင်တောင်းတောင်ပေါ်ရှိ တပ်မတော်တပ်ဖွဲ့ထံ ဆက်လက်ပို့ဆောင်ပေးရန် အဓမ္မစေခိုင်းခဲ့ကြောင်း သိရှိရသည်။

စားနပ်ရိက္ခာတင်ဆောင်ရန် ဒေသခံကားများအား ချောဆွဲခဲ့သည့် တပ်မတော်တပ်ဖွဲ့မှာအမှတ် ၁၇ စစ်ဆင်ရေးကွပ်ကဲမှုဌာန(စကခ-၁၇) လက်အောက်ခံတပ်ရင်းများဖြစ်သည့် တာဆန်းအခြေစိုက် အမှတ် ၂၉၄ ခြေလျင်တပ်ရင်း (ခလရ-၂၉၄) နှင့် လင်းခေးမြို့အခြေစိုက် အမှတ် ၅၇၈ ခြေမြန်တပ်ရင်း (ခမရ-၅၇၈) တို့ဖြစ်ကြောင်း သိရှိရသည်။

ပြီးခဲ့သည့် ၂၀၂၀ ခုနှစ် ဧပြီလ ၅ ရက်နေ့တွင်လည်း လုံစံကျေးရွာ ဒေသခံထော်လာဂျီ ၆ စီးအား ချောဆွဲကာ လွယ်တောင်းတောင်ပေါ်တွင် တပ်စခန်းချထားသည့် တပ်မတော်တပ်ဖွဲထံ စားနပ်ရိက္ခာပို့ဆောင်ခိုင်းသည့်အပြင် ပြီးခဲ့သည့် ၂၀၂၀ ခုနှစ် မတ်လ ၁၉ ရက်နေ့တွင်လည်း မိုင်းကိုင်မြို့နယ် ဟိုခဲကျေးရွာအုပ်စု နှင့် ဟမ်းငိုင်းကျေးရွာအုပ်စုတွင်းရှိ ကျေးရွာ ၁၉ ကျေးရွာအား ၎င်းသို့ထံ ဝါးပင် ၁၉၂ ပင်ခုတ်ပေးရသည့်အပြင် ထော်လာဂျီ ၂ စီးဖြင့် ပို့ပေးရန် အဓမ္မစေခိုင်းခဲ့ခြင်း ဖြစ်သည်။

Taifreedom

Facebook

သတင်း