အစိုးရတပ်မတော်မှ RCSS/SSA တပ်ဖွဲ့အား ၃ ကြိမ်တိတိ ထိုးစစ်ဆင်

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲခရိုင် ကျောက်မဲမြို့နယ်တွင် အစိုးရတပ်မတော် တပ်မနှင့် တပ်ရင်းတို့ပူးပေါင်းပြီး RCSS/SSA တပ်ဖွဲ့အား ၃ ကြိမ်တိတိ ထိုးစစ်ဆင်မှုများ ပြုလုပ်ခဲ့သောကြောင့် ဒေသခံပြည်သူများ ဘေးကင်းရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သတင်းရရှိသည်။

ဖြစ်စဥ်မှာ ၂၀၂၀ ခုနှစ် အောက်တိုဘာလ ၄ ရက်နေ့၌ သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် ခန့်ခဲကျေးရွာအုပ်စု ခန့်ခဲကျေးရွာအနီးရှိ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ / သျှမ်းပြည်တပ်မတော် RCSS/SSA တပ်ဖွဲ့အား  တပ်မတော်  အမှတ် ၁၀၁ ခြေမြန်တပ်မဌာနချုပ်(တမခ-၁၀၁) ၊ အမှတ် ၁၁၅ ခြေမြန်တပ်ရင်း (ခမရ-၁၁၅) နှင့် အမှတ် ၁၃၆ ခြေလျင်တပ်ရင်း (ခလရ-၁၃၆) တို့ပူးပေါင်းပြီး အင်အား ၁၀၀ မှ ၃၀၀ ဦးအထိ ၃ ကြိမ်တိတိ ထိုးစစ်ဆင်မှုများကြောင့် နှစ်ဖက်တပ်များ ခန့်ခဲကျေးရွာအနီးတွင် ပစ်ခတ်တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့သသည့်အပြင် ကျောက်မဲမြို့နယ် စခန်းသာကျေးရွာအုပ်စု မြင်ကွင်း‌ကျေးရွာ နှင့် ပိန္နဲကုန်းကျေးရွာတွင် တပ်မတော်မှ တစ်ဖက်သက် ပစ်ခတ်မှုများပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

ဤပစ်ခတ်တိုက်ခိုက်မှုနှင့် ပတ်သက်၍ ဘယ်လိုဖြစ်ဖြစ် RCSS/SSA အနေနဲ့ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် NCA တွင် ပါရှိသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဥ်များအပေါ် ထိန်းသိမ်းစောင့်ရှောက်သည့်အနေဖြင့် ပစ်ခတ်တိုက်ခိုက်မှုမဖြစ်ပွားအောင် မိမိတို့တက်နိုင်သမျှ ရှောင်ပေးမည်ဖြစ်ကြောင်း ၊ မရှောင်ပေးနိုင်သည့် နေရာသို့ ထိုးစစ်ဆင်လာပါက မိမိကိုယ်ကိုကာကွယ်သည့်အနေဖြင့် ပြန်လည်ပစ်ခတ်တိုက်ခိုက်မည်ဖြစ်ကြောင်း နှင့်   ယခုလို တပ်မတော်မှ ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့် ၂၀၂၀ ခုနှစ် အထွေထွေရွေး‌‌ကောက်ပွဲအတွက် မဲမူဆွယ်နေသည့် ပါတီဝင်များ လွတ်လွတ်လပ်လပ် မဲဆွယ်နိုင်ခြင်း မရှိခြင်း ၊ ပြည်သူလူထုများလည်း ဘေးကင်းရာသို့ ထွက်ပြေးတိမ်းရှောင်နေရသဖြင့် လွတ်လွတ်လပ်လပ် မဲပေးနိုင်းခြင်းမရှိခြင်း  ၊ NCA စာချုပ်ပါ သဘောတူညီချက်များ ထိခိုက်စေခြင်း နှင့်  ယခုလက်ရှိ ပြန့်ပွားနေသည့် COVID-19 အခြေအနေများ ထိခိုက်စေခြင်း စသည့် အချက်များထိခိုက်စေသည့်အပြင် တပ်မတော်၏ လုပ်ရပ်သည် ၎င်းတို့ထုတ်ပြန်ကြေညာထားသည့် အပစ်ခတ်ရပ်စဲရေးကြေညာချက်နှင့် တခြားစီဖြစ်နေသည်ဟု RCSS/SSA ပြောရေးဆိုခွင့်ရှိသူ ဒုတိယ ဗိုလ်မှူးကြီး အုမ်ခေးမှ ပြောကြားပါသည်။

အဆိုပါ တိုက်ပွဲတွင်း နှစ်ဖက်တပ်များမှ ထိခိုက်ကျဆုံးသည့် တပ်သားများ တိတိကျကျမသိရသေးပေမယ့် အစိုးရတပ်အတော်မှ တိုက်ပွဲတွင်း ထိခိုက်ဒဏ်ရာရရှိသည့် တပ်မတော်သားများသယ်ဆောင်ရန် ပြည်သူလူထုများ၏ ကားများအား ချောဆွဲမှုများ ၊ ဒေသခံပြည်သူများထံ သွေးအလှူခံမှုများပြုလုပ်နေကြောင်း ဒေသခံပြည်သူများ၏ သတင်းပေးပို့ချက်အရ သိရ   သည်။

တပ်မတော်၏ ထိုးစစ်ဆင်မှုကြောင့် ကျောက်မဲမြို့နယ် ခန့်ခဲကျေးရွာအုစ် ခန့်ခဲကျေးရွာတွင် နေထိုင်ကြသော ဒေသခံပြည်သူများ စုစုပေါင်း ၁၉၈ ဦးသည် ပုံဝိုးကျေးရွာအုပ်စု ပုံဝိုးကျေးရွာဘုန်းတော်ကြီးကျောင်းသို့ ထွက် ပြေးတိမ်းဆောင်နေရကြောင်း သိရှိရသည်။

အစိုးရတပ်မတော် အမှတ် ၁၀၁ ခြေမြန်တပ်မဌာနချုပ်သည် မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့တွင် အခြေစိုက်ထားသည့် တပ်မဖြစ်ပြီး မိုင်းပတ် –  တန့်ယန်း အစေစိုက် အမှတ် ၁၃၆ ခြေမြန်တပ်ရင်း နှင့် နောင်ချိုအစေစိုက် အမှတ် ၁၁၅ ခြေမြန်တပ်ရင်းသည် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (ရမခ)၏ လက်အောက်ခံတပ်ရင်းများဖြစ်ပါသည်။

Taifreedom

Facebook

သတင်း